My Autumn(၂)

0 0 0
                                    

ငါ့ရဲ့ autumnလို့ တင်စားရတဲ့ မြတ်နိုးရာလေးရေ..
တစ်နေ့တစ်နေ့ မင်းကိုငေးကြည့်ရတာဟာ
ငါ့အတွက် မရိုးနိုင်တဲ့ နေ့စဥ်အလုပ်တစ်ခု။

မျက်မှန်အောက်က ညို့အားပြင်းတဲ့
မျက်ဝန်းညိုတစ်စုံကို မလွန်ဆန်နိုင်ခဲ့ဘူး။
ကော်ဖီညိုရဲ့အရသာတွေကိုလည်း
မစွဲလမ်းဘဲ မနေနိုင်ခဲ့ဘူး။

စွဲမက်ဖွယ်ကောင်းလှတဲ့ autumnလိုမျိုး
ငါ့ရဲ့ အညိုရောင်လူသားလေးရေ..ငါ
မင်းကို မသိမသာခိုးကြည့်ရတာကိုက
ပျော်စရာတစ်ခုဖြစ်နေခဲ့တာ။

စိတ်ကူးထဲက​နေ မင်းရဲ့နှုတ်ခမ်းထောင့်စွန်းလေးကို လှမ်းနမ်းမယ်။ ပြုံးရယ်လိုက်ရင်...မှေးစင်းသွားတဲ့ မျက်မှန်အောက်က မျက်ဝန်းတွေကို စွဲစွဲလမ်းလမ်း ငေးကြည့်မယ်။ ချို့တဲ့ တဲ့ ဘဝမှာ နေရသူမို့ ငေးကြည့်ရုံသာ တတ်နိုင်သည်။

ငါ့ရဲ့ အညိုရောင် လူသားလေးရေ...
ငါ့ရဲ့ပျော်ရွှင်ခြင်းလေး..မြတ်နိုးရာလေးAutumnလို ကောင်လေးရေ
မင်းဟာ ငါ့ရဲ့ပျော်ရွှင်ခြင်းနေ့ရက်တွေကို
ယူဆောင်လာသူပဲ။ ။

ချစ်ရသူများထံသို့....Where stories live. Discover now