🔥7🔥

30 9 2
                                    


🔥 7 🔥 U

တိတ်ဆိတ်သော ဆိုင်လေးရဲ့ ထောင့်စွန်းစားပွဲတွင် ဆိုင်ဝင်ပေါက်ကို မျှော်ငေးရင်း junkyu ကို စောင့်နေသော ruto ဟာ မျက်နှာထက် အပြုံးများ ပွင့်လန်းနေလေသည်။

ဒီနေ့ အကို့ရဲ့မွေးနေ့...
မနက်အစောကြီးက လက်ဆောင် သွားပို့ခဲ့သည်ဆိုပေမဲ့  သူတကယ်ပေးချင်သည်က ယခု လက်ထဲတွင် ကိုင်ထားသော ဘူးအနီလေးဖြစ်သည်....

ထိုဘူးလေးထဲတွင် rutoကိုယ်တိုင် ဒီဇိုင်းဆွဲထားသော ငွေရောင် ဟန်းချိန်းလေး တစ်ခုရှိပြီး နေမင်းကြီး၏ ပုံစံငယ်လေးအား စိန်ပွင့်လေးများဖြင့် စီခြယ်ကာ တွဲလောင်းချထားလေသည်။ ထို့နောက် မိုးတိမ်အသေးလေးနှင့် ငှက်ငယ်လေးတစ်ကောင်....

ထိုအရုပ်သုံးရုပ်ကို သေချာယှဉ်ပြီး ကြည့်ရင်တော့ I Love U ဆိုတဲ့ စာသားလေး ထွင်းထားမှန်း မြင်ရမည်ဖြစ်ပြီး ထိုဟန်းချိန်း၏ အဓိပ္ပာယ်မှာလည်း...

" အကိုက ကျွန်တော့်ရဲ့ နေမင်းကြီး... အကိုက ကျွန်တော့်ရဲ့ကောင်းကင်... အကိုကသာ ကျွန်တော် မနက်ခင်းတွေရဲ့ တေးသံသာလေး... "

ဆိုတဲ့သဘော....

နောက်ဆုံးတော့ ရှိသမျှ အားအင်အကုန်စုကာ ruto ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူဒီနေ့ junkyuကို ဘယ်လောက် ချစ်ရကြောင်း ပြောပြတော့မည်။

၁နာရီလောက် ကြာသွားသည်....
သို့ပေမဲ့ junkyu အရိပ်အယောင်တောင် မတွေ့တာမို့...
ဖုန်းဆက်လိုက်လေသည်။ တဖက်က ဖုန်းဝင်နေပေမဲ့ မကိုင်တော့ ruto စိတ်ပူသွားရသည်။

💬 အကို လာနေပြီလားဟင်... လမ်းမှာလား အခုက...

သူတတ်နိုင်သည့် message ပို့ခြင်းတစ်ခုကိုသာ လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

💬 ကားကို ဂရုစိုက်မောင်းနော်အကို... ကျွန်တော် စောင့်နေတယ်....

7 minutes later....

💬 အကို အဆင်ပြေရဲ့လားးးး

10 minutes later....

💬 အကိုဘာလို့ စာမပြန်တာလဲဟင်...

💬 အကို လာခဲ့မယ် မဟုတ်လား

5 minutes later.....

💬 အကို အလုပ်ရှိလို့လား... အာ့ဆိုလည်း ရတယ်နော်... ကျွန်တော် စောင့်နေနိုင်ပါတယ်...

Villain ( ဗီလိန္ / ဗီလိန် ) CompletedDonde viven las historias. Descúbrelo ahora