အခန်း(၁)

192 10 1
                                    


တိမ်ကင်းစင်သော နွေရာသီနေ့တစ်နေ့၏နေ့ခင်းအချိန်တွင်ဖြစ်၏။အချိန်ကား ၁၂နာရီခန့်။
ပူတင်းရွာထိပ်ရှိတမာပင်ကြီးအောက်တွင် လူများစုရုံးနေကြကာ တစ်ယောက်တစ်ပေါက်စကားပြောဆိုသံတွေဖြင့်လည်းဆူညံနေကြ၏။
လူစုလူဝေးဟုဆိုသော်လည်း မိန်းမများမပါ။ယောက်ျားသားများသာပါကြ၏။
သို့သော် သူတို့သည် ရင်းနှီးသောသူငယ်ချင်းမိတ်ဆွေများ ဝိုင်းဖွဲ့စကားပြောနေသည်နှင့်မတူ၊သဲမြေပေါ်မှာတားထားတဲ့ စည်းဝိုင်းအပြင်ဘက်တွင်ဝိုင်းအုံနေကြပြီး အသေအကြေတိုက်ပွဲဝင်နေ....အဲလေ....ခွပ်ပွဲဝင်နေကြသော တိုက်ကြက်ဖကြီး၂ကောင်ကိုပြူးပြဲကာ ကြည့်နေကြသည်။ပါးစပ်တွေကလည်း ဆိုင်ရာဆိုင်ရာကြက်ဖတွေကိုအော်ဟစ်အားပေးနေကာ ခြေထောက်တွေကလည်း စည်းဝိုင်းအပြင်မှာလှည့်ပတ်နေကြတာမို့ ကလေးတွေဆော့ကြသည့် "ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ"နဲ့ပင်တူနေသေးသည်။

"ဖေ့သားကြီးတက်စူး! ဟိုပုလင်းဖင်ကောင်ရဲ့ ဂီလာနကြက်ဖကို သင်ခန်းစာပေးလိုက်စမ်း!"

ရွှေဆွဲကြိုးတုတ်တုတ်၊ပတ္တမြားလက်စွပ်ကြီးကြီးနဲ့
မိုးပြာနုရောင်ဖဲသားရှပ်အကျ်ီ၊မိုးပြာရင့်ရောင်ပိုးပုဆိုး တို့ကိုနွေခေါင်ခေါင်တွင်မပူမလောင် ဝတ်ထားတဲ့အပြင် ပုဆိုးပေါ်မှာလည်း ခါးပတ်အနက်ကပတ်ထားသေးကာ လူကလည်း အားတက်သရော အားပေးနေတာကတော့ ပူတင်းရွာတောင်ပိုင်းက သူဌေးသား "စိန်သောင်းစိန်သန်း"ပင်။လှုပ်ရှားလိုက်တိုင်းလည်း လည်ပင်းကရွှေဆွဲကြိုးတုတ်တုတ်နဲ့ လက်မနဲ့လက်ညှိုးတွေက လက်စွပ်တွေက နေရောင်မှာပြိုးပြိုးပျက်ပျက်ပင်။

"တိမ်ညို!သားကြီး ကြက်ဖင်ကောင်ရဲ့ကြက်အပေအတေကို ပညာပြလိုက်စမ်း!ဖေ့သားကြီး!"

အနီရင့်ရောင်နဲ့အနက်ရောင် ၂ရောင်စပ်အကွက်ကြဲကြဲချည်ချောလုံချည်ကို အသစ်မှန်းသိအောင်တံဆိပ်မခွာဘဲဝတ်ထားတဲ့လူငယ်ကတော့ ပူတင်းရွာမြောက်ပိုင်းက သူဌေးသား "လှမျိုးချစ်ခင်"ဖြစ်သည်။
သူကလည်း အလှူလာသလားထင်ရအောင် ဝတ်ထားတဲ့ရွှေတွေက အပုံလိုက်နှင့်။

"တိမ်ညိုကွ!"

"တက်စူးကွ!"

စည်းဝိုင်းထဲတွင်တော့ ကြက်ဖတွေကအသေအကြေခွပ်နေကြရင်းမှ ရပ်သွားကာဝိုင်းအပြင်ထွက်ပြေးသွားကြတာမို့ အနိုင်အရှုံးမကွဲပြားဘဲ ပြသနာစ,တက်တော့သည်။

ရန်သူ{သို့မဟုတ်}မယားညီအစ်ကို Where stories live. Discover now