အပိုင်း ၂၄

1.3K 148 7
                                    

အပိုင်း ၂၄

"ဘာတွေဖြစ်ခဲ့ကြတာတုန်းရှင်။ ကျွန်မကိုလည်း နားလည်အောင်ရှင်းပြကြပါဦး"

တယော်ထူးမေမှာ ကြေးနန်းစာရရခြင်း အပြေးလာချင်ခဲ့သော်လည်း တဖက်မှလူနာများကိုလည်း ပြစ်ထားခဲ့မရ၍ ပိတ်ရက်ထိစောင့်နေခဲ့ရသည်။ ထို့နောက် ပိတ်ရက်ရောက်လာလျှင် ရှိသည့်ရထားအား အားချင်းလက်မှတ်ဖြတ်ကာ ရန်ကုန်ဘူတာကြီးအထိရောက်အောင် တညလုံးစီးခဲ့ရသည်။ ရန်ကုန်ရောက်သော် သူငယ်ချင်းအိမ်တွင် အပ်ထားခဲ့သည့် ကားအားသွားယူကာ ပဲခူးနယ်သို့ မိုင်ကုန်မောင်းနင်လာခဲ့ရသည်။

သူမကသာ အူယားဖားယားနှင့် အသည်းအသန်ဖြစ်နေခဲ့သော်လည်း မျက်နှာချင်းဆိုင် ဆက်တီတွင်ထိုင်နေသည့်လူကမူ သွေးအေးလွန်းလှသည်။ ရောက်ကတည်းက သူမနှင့်အကြည့်ချင်းမဆုံဘဲ မေးသမျှကို ဆင်ဝှေ့ရန်ရှောင်သာ ဖြေနေသည်။ ဘာမေးမေးသေချာမဖြေဘဲ တောင်းပန်ပါတယ်ချည်းသာ ထပ်နေ၏။ သူမ စိတ်မရှည်ချင်တော့သော်လည်း အကြောင်းအရာများအား လိပ်ပတ်လည်အောင် မသိရသေးသဖြင့် စိတ်အားမရှည်ရှည်အောင် ဆွဲဆန့်ထားရသည်။

"မဟုတ်ဘူးလေရှင်။ ကျွန်မတို့ စောစောကစီစဥ်ထားတာ ဒီလိုမှမဟုတ်ဘဲရယ်။ ဘာတွေဖြစ်ခဲ့ကြလို့ ကိုကြည်သာက အသည်းကို တာဝန်ယူလိုက်ရတဲ့ပုံစံကြီး ဖြစ်နေရသလဲရှင်"

"မတယော်ထူးမေ စကားပြောဆင်ချင်ပါ။ ပန်ချီထူးမောင်ဟာ မိန်းကလေးမဟုတ်ပါဘူး။ ဘာကြောင့်များ တစ်ယောက်ကသူ့ကို တာဝန်ယူဖို့လိုအပ်မယ်လို့ ထင်တာပါလဲ"

တလျှောက်လုံးငြိမ်နေသူက ထိုစကားကိုကြားသည်နှင့် ခက်ထန်သောအကြည့်တို့ပို့လွှတ်ကာ ဟိန်းဟောက်လာ၏။ ထိုလူ၏ ထိုသို့ပုံစံအားမမြင်ဖူးလေရာ တယော်ထူးမေမှာ ကြောက်လန့်ရင်း ဇက်ကလေးပင် ပုဝင်သွားရသည်။ သူ့ပုံစံသည် ဘာကြောင့် အသည်းအား တရားလွန်ကာကွယ်ပေးနေသည့်ပုံ ပေါက်နေရပါသနည်း။

ခဏကြာသော် ကြောက်လန့်စိတ်တို့ပြေလျော့သွားသဖြင့် ဗလိုင်းကြီး အဆူခံလိုက်ရသလို ခံစားရသည့်အပေါ် တယော်ထူးမေခင်မျာ အောင့်သက်သက်ဖြစ်သွားရသည်။

ချစ်သောမောင်မောင် (သစ်တော၀န်ထောက်မင်း) {Ongoing}Where stories live. Discover now