အပိုင်း ၃၀

1.1K 152 14
                                    

အပိုင်း ၃၀

"ဘာတွေဖြစ်ခဲ့တာတုန်း ပြောစမ်း... ခုချက်ချင်းပြော... မင်းကျောင်းရှေ့ကနေ အဲ့လူကြီးနောက် လိုက်သွားတာတွေ့လိုက်တော့ ငါမယ် မင်းကိုဘယ်လောက်တောင် စိတ်ပူသွားသလဲမှတ်တယ်... ဒိပြင် ကိုဦးတို့ကရော ဘယ်ကနေဘယ်လိုသိပြီး ရောက်လာကြတာလဲ... သူမင်းကို အထဲမှာတစ်ခုခုလုပ်သေးလား"

ဂိုထောင်အပြင်ဘက်ရောက်သည်နှင့် ဟင်နရီက တရပ်စပ်မေးမြန်းတော့သည်။

"ငါထွက်မပြေးပါဘူးကွာ... တစ်ခုချင်းစီမေးပါ"

"ပန်ချီထူးမောင် မင်းနောက်နေနိုင်သေးတယ်ပေါ့...ဟုတ်လား"

ပန်ချီ ပေါ့ပေါ့ပါးပါး ရယ်လိုက်မိသည်။ ဟင်နရီတိုးအောင်သည် တဖြည်းဖြည်း မာမီကြီးတို့နှင့် တူလာသည်ဟု ခံစားရသည်။ ထို့နောက် မကျေမနပ်နှင့် နှုတ်ခမ်းဆူနေသော သူငယ်ချင်းလေးအားကြည့်ကာ

"သူ... ရုံးချိန်းတွေမယ်ပေါ်မလာဘဲ ဝရမ်းပြေးဖြစ်သွားကတည်းက ဖေကြီးက ငါ့ကို စောင့်ရှောက်ပေးဖို့ ပလိပ်ရုံးကိုစာပို့ပြီး အကူညီလှမ်းတောင်းခဲ့တာ... ပုံမှန်ဆို တရားမဝင်ပေမဲ့ ကိုဦးမျက်နှာရှိတော့ သူတို့စောင့်ရှောက်ပေးမယ်လို့ အကြောင်းပြန်ခဲ့တယ်လေ... ဒါကြောင့်ပါ"

ဒါကြောင့် သူခေါ်တဲ့နောက် အသာတကြည် လိုက်သွားရဲခဲ့တာပေါ့။ ငွေညစ်တာလောက်ထိ ခန့်မှန်းထားခဲ့ပေမဲ့ တိတ်ခွေလိုဟာမျိုးထိပါ ရှိနေမယ်လို့တော့ မထင်ခဲ့ရိုးအမှန်။ တိတ်ခွေထဲ ဘာတွေပါနိုင်လောက်မလဲ။ ပန်ချီ မသိပါ။ မခန့်မှန်းတတ်။ ဒီလိုလူယုတ်မာမျိုးတွေက မဟုတ်တဲ့နေရာကျ ဉာဏ်သိပ်ကောင်းကြတယ်မလား။ ဘာနေနေ တရားခံအား သက်သေပစ္စည်းနှင့်တကွ ဖမ်းဆီးနိုင်ခဲ့ပြီး သူ့ကြိုးကွင်းသူ ပြန်စွပ်ပေးနိုင်ခဲ့ပြီမို့ အတော်အသင့်တော့ စိတ်လျော့နိုင်ပြီဖြစ်သည်။

"ဟမ့်... မင်းတော်တော်သတ္တိရှိနေတာပဲ"

ပန်ချီပြောသွားသည်မှာ အလွယ်လေးဖြစ်သော်လည်း ကြုံတွေ့ခဲ့ရသည်ကတော့ ထင်သလောက်လွယ်မနေမှန်း ဟင်နရီ ခံစားမိပါသည်။ သို့သော် သူငယ်ချင်းအား ပြီးသွားသည့်ကိစ္စများနှင့် စိတ်မညစ်စေလို၍

ချစ်သောမောင်မောင် (သစ်တော၀န်ထောက်မင်း) {Ongoing}Where stories live. Discover now