chapter 31

1K 124 3
                                    

Chapter 31
July 26, 2024
💘Chapter 31

မြူမှုန်များနှင့်ဝေး‌ကွာလာခြင်း

သူက မင်းကို အရမ်းအားကိုးနေရှာတာ...

ဆံသဆရာ၏ စကားလုံးများက ဝေ့ချန်၏ နားထဲတွင် ပြန်၍ ပဲ့တင်ထပ်နေသည်။ သူ၏ အေးစက်နေသောမျက်လုံးများက ‌ပျော်ဝင်သွားသကဲ့သို့ အပြုံးဖျော့ဖျော့လေး ပေါ်လာကာ သိမ်မွေ့လာသည်။ သူက ဆံသဆရာအား ပြန်၍မဖြေခဲ့ဘဲ သူ၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်နေသော ချန်လီ ကိုသာ ငေးကြည့်နေခဲ့သည်။

ဤအချိန်တွင် ချန်လီ၏မျက်လုံးများက တုံ့ပြန်မှုမရှိဘဲ ဗလာသက်သက် အမူအရာဖြင့် သူ၏ ကိုယ်ပိုင်ကမ္ဘာထဲသို့ ရောက်ရှိနေသည်။ ချန်လီ၏ ကမ္ဘာက မည်သို့ပုံစံဖြစ်သည် မည်မျှလှပသည်ကို သူ မသိခဲ့ပေ။ သူက ချန်လီ၏ကမ္ဘာလေးထဲသို့ တစ်ကြိမ်ထက်မက ဝင်ရောက် ကြည့်ချင်ခဲ့သည်။ ချန်လီ့ကို အပြင်လောကသို့ ထွက်မလာချင်လောက်အောင် ဆွဲဆောင်ထားသည့် ကမ္ဘာကို သူ မြင်တွေ့ချင်ခဲ့သည်။

ချန်လီက ဝေ့ချန်၏ အကြည့်ကို ခံစားမိပုံပေါ်ပြီး သူ၏ ခေါင်းကိုလှည့်ကာ ဝေ့ချန်ကို စိုက်ကြည့်ခဲ့သည်။ သူ့မျက်လုံးများက အပြောင်းအလဲ မရှိသော်လည်း ချန်လီက သူ့ကို ထွက်ခွာရန် တိုက်တွန်းနေကြောင်း ဝေ့ချန်သိသည်။

ဆံသဆရာက ပေးလာသည့် ကဒ်ပြားကို ယူလိုက်ပြီး ဝေ့ချန်က သူ၏ လက်ကို ချန်လီဆီသို့ ဆန့်တန်းကာ ပြောလိုက်သည်။

"လီလီ...သွားကြရအောင်...ပန်းချီနဲ့လက်ရေးလှဆိုင်ကို သွားပြီး မင်းဘာလိုအပ်လဲဆိုတာ သွားကြည့်ကြရအောင်..."

သူပြောပြီးသည်နှင့် ဝေ့ချန်က ချန်လီ၏ ပေါ့ပါးသွားသော ခံစားချက်ကို သိသိသာသာ ခံစားလိုက်ရသည်။ ချန်လီကထိုင်ခုံမှ ချက်ချင်း ထရပ်လိုက်သည်။

ပန်းချီဆွဲနေသော အချိန်မှာသာ ချန်လီက သူ၏ ထိုကမ္ဘာထဲမှ သူ့ကိုယ်သူ ခဏတာဆွဲထုတ်ရန် ဆန္ဒရှိခဲ့သည်။

ဝေ့ချန်က အနီးသို့လျှောက်လာလိုက်ပြီး ချန်လီ၏လက်ကို ဆွဲယူလိုက်သည်။

ချန်လီက ဝေ့ချန်ကို စ်ိုက်ကြည့်လိုက်ပြီး တိတ်တဆိတ် တိုက်တွန်း နေခဲ့သည်။

အော်တစ်ဇင်ဇနီးလေးအားအလိုလိုက်ခြင်းWhere stories live. Discover now