part 1 (uni/zawgyi)

41 1 0
                                    

ကျွန်တော့်နာမည်က လပြည့်၀န်းပါ၊ နောက်တစ်မျိုးလည်းခေါ်လို့ရသေးတယ်၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးပေါ့၊ အ့လိုကြွားလိုက်ရင်လည်း မနာလိုဖြစ်ကုန်ကြတော့မယ်၊

ငါးတန်းကျောင်းသားအရွယ်ဆိုတော့ စာလုပ်ရမှာထက် ပတ်ကြူချင်တဲ့စိတ်က မရိုးမယွထကြွနေလေရဲ့၊ မဖြစ်သေးပါဘူးလေ နှင်းဆီခိုင်လေးရဲ့ ဂုဏ်ကိုထိန်းရမယ်၊

‌ကြွားလုံးသာထုတ်နေရတာ၊ တကယ်တော့ ကျွန်တော့်ရဲ့ပုံက မိန်းကလေးလေးထက် မိန်းမသားဆန်လွန်းနေတာ၊ တစ်ခါတစ်လေ ယောင်္ကျားလေးတွေက ကျွန်တော့်ကိုလာပီး ကြူကြတာ၊ ကျုပ်ကလည်းဘာရမှာလည်း ပိတ်ထိုးပစ်တာပေါ့၊

ပိတ်ထိုးတယ်ဆိုလို့ ကျောင်းကဇိုးလို့ မထင်သွားနဲ့အုံး၊ လက်ညှိုးနဲ့ပဲထိုးရဲတာ၊ ကျောင်းမှာ ကျွန်တော့်ကို စကြသေးတယ်၊ ကြောက်ချီးပန်းကောင်ကြီးတဲ့၊

ဘလိုဖြစ်ဖြစ် ကျွန်တော်ကချောလို့ မနာလိုဖြစ်နေကြမှန်း ရိပ်မိတာမို့ ခပ်ချေချေနေဖြစ်ခဲ့ပါတယ်၊ ကျောင်းဆင်းချိန်ဆိုရင် အမေကထုံးစံအတိုင်း ကျောင်းကလာကြိုတတ်ပါတယ်၊

"သား၊ အမေဒီမှာ နောက်ကျတယ်နော်၊ အမေစောင့်နေတာ ကြာပီ "

ဒီနေ့ ကျောင်းမှာရန်ဖြစ်လာတယ်ဆိုတာ
အမေသိလို့ မဖြစ်ဘူး၊ သိရင်လည်း ကျွန်တော့်ကို ဆူမှာနားသံရည်လောင်းခံရသလို တစ်ချိန်လုံး ပွစိပွစိ

" ဟုတ်တယ်အမေရယ် ဒီနေ့သား duty လေ၊ အခန်းတံခါး သော့ခတ်ရလို့ နောက်ကျမှ ဆင်းရတယ် "

" အေးကွယ်၊ ငါ့သားလေးကလိမ်မာတော့ ဆရာမတွေက စိတ်ချတာပေါ့ "

အမေပြောသောစကားတွေကြား၍ ရယ်ချင်စိတ်ကို မနည်းအောင့်ကာ

" သားလိမ်မာတာ အမေကခုမှ သိတာထင်တယ် "

" ဟယ် ဗိုက်ထဲမှာကတည်းက လိမ်မာလွန်းလို့ မမွေးခင်ကတည်းက သတ်ပစ်ချင်တယ် "

" ဟားးးးးဟားးးး အမေပြောပီ၊ သွားမယ်အမေရယ် သားဗိုက်ဆာနေပီ "

‌ကျောင်းကပြန်လာပီး အိမ်မှာခဏနားကာ ကျူရှင်သို အပြေးသွားရပြန်သည်၊ လပြည့်၀န်းအတွက် တစ်နေ့တာလုပ်ငန်းတွေက အရမ်းများလိုက်တာ၊ ဖြစ်နိုင်ရင် သေးသေးလေးဖြစ်ပီး ပျောက်ကွယ်သွားနိုင်ရင်လည်းကောင်းမှာပဲ၊

သေးသေးလေးဖြစ်ပီး ပျောက်ကွယ်သွားလလို့လည်းမဖြစ်ပြန်ဘူး၊ မိန်းမယူရအုံးမယ် ကလေးမွေးရအုံးမယ်၊ ငါ့ဘ၀အတွက် လုပ်ငန်းတွေကလည်း များလိုက်တာ၊ အယ် ငါဘာတွေ လျှောက်တွေးနေတာလား၊ ခန္ဓာကိုယ်က နို့နံ့တောင်မဆင်သေး၊ အမေ့ကိုသာ ပြောကြည့်ပါလား ပက်ခနဲပြန်ပြောခံရမှာ ကျိန်းသေသည်လေ။

ဘာဖြစ်ဖြစ်ပါ၊ ကျွန်တော့်ဘ၀လေးကို သဘောမကျဘူးလို့လည်း မပြောချင်ပါဘူး၊ ‌ဒါပေမယ့် ဘလိုမိန်းမမျိုးနဲ့ နှစ်ပါးသွားရမလည်း သိချင်သေးတယ်၊

အမေကတော့ပြောသေးတယ်၊ နင့်ပုံစံလည်းကြည့်အုံး ယောင်္ကျားလေးလား၊မိန်းကလေးလားမသဲကွဲဘူးတဲ့၊ လင်ရမယ့်ရုပ်တဲ့၊ ပြောရက်လိုက်တာအမေရာ သားနုနုထွတ်ထွတ်လေးရထားတာကို

ဒီလိုအတွေးနယ်ချဲ့ရင်း အိပ်ရာထဲ၀င်ရမယ့် အချိန်တောင်လင့်နေပီ၊ လပြည့်၀န်းရေ အိပ်တော့ good night, sweet dreams

တစ်ယောက်တည်း ကိုယ့်ဖာသာအိပ်ခိုင်းရင်း မိုးလင်းခိုင်းရတဲ့ အဖြစ်ကိုမသနားကြဘူးလားဗျာ၊





မောင့်လပြည့်၀န်းWhere stories live. Discover now