part 2 (uni/zawgyi)

12 0 0
                                    

"ခွန်းသုတရေ၊ ခွန်းသုတ ကျောင်းသွားရမယ်မဟုတ်လား၊ ထတော့ သေနာလေးရဲ့၊ တတိယတန်းတောင်ရောက်နေပီ၊ ကျောင်းသွားရမယ့်အချိန် နပ်မမှန်သေး "

ခွန်းသုတဘ၀မှာ ကျောင်းသွားခြင်းဆိုသည့် အရာကို အလွန်‌ကြောက်ရွံ့တာလေ၊ တစ်နေ့တစ်နေ့ စာလုပ်ရ၊ စာလုပ်ရနဲ့ လူရုပ်မပေါက်ချင်တော့ဘူး၊ တတိယတန်းကြောင့် တော်သေးသည် ပြောရမယ်လေ၊ နောက်နှစ်ဆို အစိုးရစာမေးပွဲဖြေရအုံးမည်မဟုတ်လား။

ဒီဘ၀၊ ဒီနွံထဲကထွက်ရအောင် ဘလိုကြိုးစားရမယ် စဉ်းစားရင်း ‌ကျောင်းသွား၊စာလုပ်ရမယ့် အသိုက်အမြုံက မလွတ်ကျွတ်နိုင်ဖြစ်နေလေရဲ့

" သားထပီအမေရယ်၊ နည်းနည်းလေးပဲ အိပ်ရသေးတယ်၊ တကတည်း အဖေကအမေ ဒီလောက်ပွစိစိပြောနိုင်တာ ဘလိုစိတ်နဲ့ယူထားတယ် မသိဘူးတော် "

" ဟယ် ကြားလို့မှ ကောင်းသေးရဲ့လား အရပ်ကတို့ရယ်၊ နင့်အဖေနဲ့ငါယူထားလို့ ဒီအရွယ်ရောက်လာတယ်မှတ်၊ နောက်ထပ်ပြောရင် ကြိမ်လုံးစာမိပီမှတ်ထားတော့ "

"ဟီးးးးးစတာ စတာ၊ မျက်နှာသစ်ပီးတာနဲ့ ကျောင်းသွားပီ "

" ဟဲ့! ဒါနဲ့ သိုက်လက်‌ရာလေး ဒီနေ့ကျောင်းသွားဖို့ လာမခေါ်ဘူးရော "

သိုက်လက်ရာဆိုတာက ကျွန်တော်နဲ့ နှပ်ချီးတွဲလောင်း အရွယ်ကတည်းက ‌ဒိုးတူဘောင်ဖက် တွဲလာတဲ့ငယ်သူငယ်ချင်း အရင်းကြီးတွေလေ

" အ့ကောင်က မနေ့ကကျောင်းနောက်ကျမယ်ပြောသွားတယ်၊ သားကိုရှေ့က သွားနှင့်လေတဲ့ "

" အေးပါအေ၊ မနက်စာစားပီး ဂရုစိုက်ပီးသွားကျောင်းကို "

" ဟုတ်၊ ပွစိစိအမေကြီး "

"ဟဲ့! သေနာ၊ မသာလေး၊ ငရဲအိုးထဲ ဇောက်ထိုးကျမယ့်ကောင် "

မကြားအောင်ပြောတာကိုတောင် အမေဒေါ်မြသန်း ကြားဖြစ်အောင်ကြားပါလေရဲ့

" အမေ၊ ကျောင်းပိတ်အောင်ပါ ထည့်ဆုတောင်းပေး၊ အမေဆုတောင်းတွေက အရမ်းပြည့်တတ်လို့ "

ခွန်းသုတရဲ့ အဖြစ်ချင်ဆုံးဆန္ဒပိစိလေးက ကျောင်းမဖွင့်နိုင်အောင် ပိတ်စေချင်တာပဲ

" ဆုတောင်းပေးလိုက်ပါတယ်တော်၊ စနေ၊တနင်္ဂနွေတောင် ကျောင်းမပိတ်ပါစေနဲ့အေ "

အမေရဲ့ဆုတောင်းလေးသာ ပြည့်ရရင်တော့ ကျောင်းမတက်ပဲ လမ်းသွားခွက်ဆွဲ တောင်းစားတော့မယ် ဟီးးးးး၊ စိတ်ထဲကပဲပြောရဲတယ်၊ အမေသာကြားရင်တော့ ပြောလိုက်မယ့်စကားလုံးတိုင်းနဲ့ ဖိသတ်ရင်တောင် ခွန်းသုတဆိုတဲ့ ကျွန်တော်က ပိပြားပီးသတ်စရာမလိုပဲ သေလောက်တယ်

" ‌ဆုတောင်လေး လွဲချော်ပါစေအမေရေ၊ သား ကျောင်းသွားဖို့ပြင်ပီ တာ့တာ့ "

ကျောင်းကိုသွားရမယ့်အစား ကစားကွင်းတွေဘာတွေ သွားရမယ်ဆို နှိုးစရာမလိုအောင် နိုးနေမှာပေါ့၊ ခုကတော့ ပျော်စရာမရှိတဲ့ လောကစီသို့ အသစ်တစ်ဖန်ထပ်သွားရပီလေ၊ ကျောင်းမှားလည်း သူငယ်ချင်းဆိုလို့ သိုက်လက်ရာပဲရှိတာ

ကျန်တဲ့သူတွေက ကျွန်တော့်ကိုချေမိုးကြတယ်လို့ ထင်ကြတယ်၊ ကျွန်တော်ကလည်း ကျွန်တော်ပဲလေ၊ ကျန်တဲ့သူတွေနဲ့ဆို ရောနှောပီး မနေတတ်ဘူး၊ သိုက်လက်ရာကလည်း သူနဲ့ပဲခေါ်တာ သဘော‌တွေ့နေတဲ့ပုံ၊ အ့တာလည်းကောင်းပါတယ်၊ တစ်ခုခုဆို သူ့ကိုအားကိုရတာပဲ

" ခွန်းသုတ၊ မင်းကျောင်းအဆောကြီးရောက်မယ်ထင်နေတာ၊ နောက်ကျမယ်ပြောတဲ့ ငါတောင် အရှေ့ကကြိုရောက်နေသေးတယ် "

" ဟုတ်တယ် သိုက်ရာ၊ အိမ်ကမာတာမိခင်ကြီး ဩဝါဒတရားချွေနေတာ နားထောင်ရင်း နောက်ကျကုန်တာ "

" အေးအေး၊ မနေ့က သုတစာတွေနောက်ကျထားတယ်မလား၊ အ့တာသိုက်ကူးပေးမယ် အားနေတာနဲ့ "

" ဟီးးးးးအ့ကြောင့် ဘေဘီသိုက်လေးကို ချစ်နေရတာ "

ရိုးရိုးသားသားအချစ်ဆိုရင် မင်းဆီက မလိုချင်ဘူး ခွန်းသုတရာ၊ ငါ့မသိစိတ်တိုင်းကို မင်းက လွှမ်းမိုးလွန်းနေပီ

" ဒီကပိုချစ်ရပါတယ်၊ ကူးပေးမယ်နော် စာအုပ်ပေး "

‌ခွန်းသုတ၊ ငါဆိုတဲ့ သိုက်လက်ရာကလေ မင်းစေစားရာ အရုပ်လေးပဲဖြစ်ချင်တာ၊ လိုအပ်တဲ့ အရာတိုင်းအတွက် ငါ့ကိုသုံးနော်၊ မလိုတော့ရင် အမှိုက်စတစ်ခုလို စွန့်ပစ်ရင်တောင် ငါကျေနပ်ရပါတယ်

You've reached the end of published parts.

⏰ Last updated: Sep 04 ⏰

Add this story to your Library to get notified about new parts!

မောင့်လပြည့်၀န်းWhere stories live. Discover now