ရှောင်းကျန့်တစ်ယောက် ရိပေါ်ရဲ့အိမ်မှာနေရတာ အထီးကျန်ရတာပဲရှိပေမဲ့ ကျန်တာအစစအရာရာအကုန်လုံးကအဆင်ပြေပါတယ်..
gangသားတွေအကုန်လုံးကလည်း ရှောင်းကျန့်ကိုချစ်ကြတယ်..မချစ်လို့လဲမရဘူးလေ မျက်ဝန်းသွယ်သွယ်လေးတွေက ချစ်စရာအမူအရာလုပ်ပြပြီး နှုတ်ခမ်းလေးကိုဆူလိုက်ရင် အကုန်လုံးကလိုက်လျောပေးချင်စရာကြီးပဲ..
ဒါပေမဲ့ အိမ်ထဲပဲနေရတာ ကြာလာတော့လည်း ရှောင်းကျန့်တစ်ယောက်ပျင်းလာလေပြီ..
''ဦးဦး..''
ဘာကိစ္စရှိရှိအခန်းထဲမဝင်နဲ့လို့မှာထားပေမဲ့ ဂရုမစိုက်သလိုနဲ့ခဏခဏဝင်လာတတ်သည်..lockချထားလည်း တံခါးကိုအသားကုန်ထုပြီးဖွင့်ခိုင်းသည်..သူတစ်ယောက်တည်း နေရတာပျင်းလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ရောက်ရောက်နေတတ်တဲ့ ရှောင်းကျန့်ကိုခုတော့ သူဘာမှမပြောလိုတော့ဘဲလွှတ်သာထားလိုက်ရသည်..ခုလည်း ဘာကိစ္စရှိပြန်ပြီလဲမသိ အခန်းထဲဝင်လာကာ ခုံမှာထိုင်ပြီး အလုပ်လုပ်နေတဲ့ သူ့ဆီရောက်လာပြီး ဘောင်းဘီစကိုလှမ်းဆွဲနေသည်..
''ဘာလဲ..''
''ဟိုဟာလေ ကျန့်ကျန့်ပျင်းလို့ ကစားကွင်းလိုက်ပို့ပါလား..''
''ငါမအားဘူး..''
''လုပ်ပါဦးဦးရယ် ကျန့်ကျန့်ဖြင့်ဒီရောက်တာကြာနေပြီကို ဘယ်မှလည်းမသွားရဘူး မာမားတို့ဆို ကျန့်ကျန့်ကိုတစ်ပတ်တစ်ခါကစားကွင်းပို့ပေးတယ်..''
''အဲ့ဒါ မင်းအမေတွေကအားနေလို့လေ ငါကမအားဘူး အလုပ်တွေရှိတယ်..''
''တစ်ရက်လောက်ပဲလေ မရဘူးလားဦးဦးရယ်..''
''ဟ မင်းငါ့ကိုကလေးပေါက်စ ဂျီသလိုလာမဂျီနဲ့ကွာ သွားမင်းဘာသာမင်း ဂိမ်းဆော့စရာတွေရှိတာသွားဆော့ လိုချင််တယ်ဆိုလို့ အစုံဝယ်ထားပေးလည်း ပူဆာလို့ကိုမဆုံးဘူး..''
''အဲ့ဒါကြီးတွေက အိမ်ထဲမှာပဲဆော့ရတာတွေလေ ကျန့်ကျန့်ကအပြင်သွားချင်တာပါဆိုနေ..နော် နော် နော် လုပ်ပါ အပြင်လိုက်ပို့ပေး နော်လို့...''
တဂျီဂျီနဲ့ပူဆာနေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်နားတွေလည်းငြီးလာနေလေပြီ..
YOU ARE READING
Intersection of Ribbon
Fanfiction''ချစ်လား'' ''ဟင့်အင်း'' ''ဒါဆိုမုန်းသွားတာလား'' ''မဟုတ်ဘူး'' ''ဒါဆို ကိုယ်တို့ကဘာတွေလဲ'' ''တစ်ခါလောက်သာ ငြိတွယ်မိပြီး ပြတ်တောက်သွားတဲ့ ဖဲကြိုးနီတွေ''