''လမ်းကြောင်းရှင်းရဲ့လားChan''
''ရှင်းပါတယ် Boss ပွဲစီစဥ်သူတွေဘက်ကလုံခြုံရေးအပြည့်ချထားပေးတယ်ပြောပါတယ် ကျွန်တော်တို့လူတွေလည်းပါတော့အင်အားတောင့်ပါတယ်''
''အင်း ဒါဆိုသွားဖို့ပြင်တော့ နောက်ကျနေရင်မကောင်းဘူး''
''ဟုတ်ကဲ့ပါ Bossထွက်လာပြီ အားလုံးအသင့်ပြင်''
Chanကသူ့လူတွေအကုန်လုံးကို အသိပေးပြီး ရိပေါ်နဲ့အတူအခန်းထဲကထွက်လာခဲ့တယ်..
ဒီနေ့ပွဲက Canadaမှာရှယ်ယာရှင်တွေတွေ့ဆုံပွဲရှိတယ်..ပြောရရင်တော့ night partyပွဲလိုသဘောမျိုးပေါ့ ရှယ်ယာရှင်တွေတွေ့ကြဆုံကြစကားပြောကြတဲ့ပွဲမျိုးပါပဲ..ထူးထူးခြားခြားကြီးတော့လည်းမဟုတ်ပေမဲ့ ဒီလိုပွဲမျိုးကသတိကြီးရတယ်..တစ်ချက်လေးအငိုက်မိသွားတာနဲ့ အခြေအနေတွေကဟန်ချက်မညီဖြစ်သွားတတ်တယ်..ဒါကြောင့် ရိပေါ်ရဲ့လူတွေကသေချာစောင့်ကြည့်နေရတယ်..
ရိပေါ်ကလူငယ်တစ်ဦးဖြစ်တဲ့အပြင်ကိုမှ သူတို့ထက်ခြေလှမ်းပိုသွက်ပြီး အချို့ရှယ်ယာရှင်တွေလိုချင်တဲ့လုပ်ငန်းစုတွေကိုလည်း လက်ဦးမှုယူပြီးချဲ့ထွင်ထားတော့ အချို့သူတွေက ရိပေါ်ကိုမျက်နှာဖုံးများနဲ့သာဆက်ဆံကြသည်..မျက်နှာမှာပြုံးရယ်နေပေမဲ့ ရင်ထဲမှာတော့ အခဲမကျေတဲ့အနေအထားကြီးတွေနဲ့ပေါ့..ဒါကိုလည်းရိပေါ်ကသိသည်..စကားများများအဖက်လုပ်ပြောမနေဘဲ ပြုံးပြရုံသာဆက်ဆံသည်..
ဒီနေ့ကပြည်ပခရီးစဥ်ရဲ့နောက်ဆုံးရက်ပင် အရှေ့ရက်တွေမှာ လေလံပွဲတွေ အစည်းအဝေးပွဲတွေနဲ့ လုပ်ငန်းသစ်မိတ်ဆက်ပွဲတွေမှာ အရာရာဘေးကင်းခဲ့သည်.. လုံခြုံရေးလည်းကောင်းပြီး စိတ်ချရတာမို့ အရင်ပွဲတွေထက်စိတ်လုံခြုံမှုရခဲ့သည်..ဒါကြောင့် အခုနောက်ဆုံးရက်ရဲ့partyပွဲမှာလည်း စိတ်အေးနေကြရပေမဲ့ သတိတော့ထားရသည်..
partyပွဲပြီးသည်အထိ ဘာမှမဖြစ်တာကြောင့် hotelကိုစိတ်အေးလက်အေးပြန်လာခဲ့ကြသည်..
ရိပေါ်ရဲ့ကားအရှေ့တွင်တစ်ကားသွားပြီး သူနောက်တွင်တစ်ကားသွားသည်..
''Chan မနက်ပြန်ဖို့အတွက်အကုန်ပြင်ဆင်ပြီးပြီလား''
ကားဘောင်ပေါ်လက်တင်ထားပြီး နားထင်ကိုဖိကာမျက်လုံးများမှိတ်ရင်းမေးလာသည်..
YOU ARE READING
Intersection of Ribbon
Fanfiction''ချစ်လား'' ''ဟင့်အင်း'' ''ဒါဆိုမုန်းသွားတာလား'' ''မဟုတ်ဘူး'' ''ဒါဆို ကိုယ်တို့ကဘာတွေလဲ'' ''တစ်ခါလောက်သာ ငြိတွယ်မိပြီး ပြတ်တောက်သွားတဲ့ ဖဲကြိုးနီတွေ''