ကျောင်းပိတ်ရက်နှစ်ရက်အတွင်းကို လီယိုတစ်ယောက် ကားငှါးကာ ကမ်းခြေကို အလည်ခရီးထွက်လာခဲ့သည်။ အခုတော့ ကမ်းခြေကနေ ပြန်ရောက်ပြီး ငှါးထားသော အခန်းထဲရှိ ကုတင်ပေါ်တွင် လှဲနေလေသည်။
" အား...ချီး...ပင်ပန်းလိုက်တာ..."
လီယို ညည်းညူပြီး ကုတင်ပေါ်မှထကာ ရေခဲသေတ္တာဆီ လျှောက်သွားလိုက်သည်။ ရေခဲသေတ္တာထဲတွင် ထည့်ထားသော ကိုလာတစ်ဘူးနှင့် အာလူးကြော်ထုတ်ကို ယူပြီး စားနေလိုက်သည်။
ကလင်....ကလင်....ကလင်
ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့
လီယို၏ သူငယ်ချင်းဖြစ်သူ ဗစ်တာ
ဗစ်တာက ဆံပင်ကောက်ကောက် အရပ်ရှည်ရှည်နှင့် ကောင်လေး
တစ်ယောက်၊ လီယို ဒီနိုင်ငံပြောင်းပြီးမှ ခင်ရသော သူငယ်ချင်းဖြစ်သော်လည်း ဗစ်တာအဖေနှင့်လီယို့အဖေက သူငယ်ချင်းက စီးပွါးရေးပါတနာဖြစ်နေသောကြောင့် လူချင်းမရင်းနှီးသော်လည်း နာမည်ကရင်းနှီးပြီးသား။ အခုတော့ လူငယ်ချင်းရင်းနှီးသွားလေသည်။" ဟဲလို...ဗစ်တာ ပြော"
" လီယို...ငါတို့ ကလပ်သွားရအောင်...Friday night ဆိုတော့ လူပိုများတယ်..."
" ငါအခုမှ ကမ်းခြေက ပြန်လာတာ အိပ်ချင်နေတယ် ပင်ပန်းတယ် ငါ့ကောင်ရ"
" ပင်ပန်းတာပျောက်အောင်...ကလပ်လာခဲ့လေ"
" ကတာနဲ့ပင်ပန်းတယ်ဟ"
" လုပ်မနေနဲ့ လာဆိုလာခဲ့...ရည်းစားနဲ့ပြတ်ထားတာ၂နှစ်ရှိပြီ မင်းအသစ်ရှာဖို့ အချိန်ပဲ မင်းကောင်မလေးထက် လန်းတဲ့စော်တွေရှိပါတယ်ဟ...လာခဲ့...မလာရင်...ငါလာခေါ်မှာ"
" လာခေါ်...ရေချိုးပြီး အသင့်လုပ်ထားမယ်"
" အေး...ငါ စကားလက်နဲ့ အိုလီဗာကိုပါ ဝင်ခေါ်ခဲ့မယ်"
" အေး...ရေချိုးပြီ"
ဗစ်တာ့စကားကြောင့် လီယိုလည်း ရေချိုးဖို့ ထရတော့သည်။
" ငါကလပ်သွားရင် ဘာဝတ်ရမလဲ ပေါ့ပေါ့ပါးပါးပဲ ဝတ်တော့မယ်"