Part - 3

174 18 25
                                    

>> Unicode <<
~~~~~~~~~~~~

တစ်ညလုံးဂျူတီဝင်ပြီးနောက်မှာ မနက် ၇ နာရီခန့်မှာ မင်းအိမ်သူအနားရသည်။ ဆရာ၊ဆရာမတချို့နှင့်စကားမပြတ်၍ ၇ နာရီခွဲလောက်မှ ဆေးရုံကထွက်လာဖြစ်၏။ တစ်ညလုံး တစ်မှေးမှမအိပ်ရသေး၍ အနည်းငယ်နုံးနေသလိုရှိပေမဲ့ မင်းအိမ်သူအတွက်တော့ပုံမှန်ပင်။

အရင်ဆုံး ဈေးကိုဝင်ဖြစ်သည်။ ချက်ပြုတ်စရာနှင့် ကောင်လေးအတွက် မနက်စာအဖြစ် အုန်းနို့ခေါက်ဆွဲဝင်ဝယ်လိုက်သည်။ " စောစောမထရင် မနက်စာလွတ်မယ် " ဆိုတာ တမင်ခြိမ်းခြောက်တဲ့စကား။ ကိုယ့်တစ်မျက်နှာကြည့်ပြီးလိုက်လာတဲ့သူကို လျစ်လျှူရှူ့ရတဲ့အထိ မင်းအိမ်သူအသည်းပေါက်များလိုက်ဖွင့်ရ၏။ အိပ်ခန်းအဝမှ ချောင်းကြည့်တော့ ဖုန်းနှင့်စီးကရက်အတိုတွေက အိပ်ရာဘေးမှာပြန့်ကျဲလျက်သား။ အင်္ကျီချွတ်ထားလျက်အိပ်နေတဲ့ပုံရိပ်ဟာ ဖက်ခေါင်းအုံးကိုခွထားသေး၏။

" ပုံရိပ် "

အနားမှာထိုင်ရင်း လက်မောင်းတစ်ဖက်ကိုလှုပ်နှိုးတော့ အေးစက်နေတဲ့အသားတွေ။ ဒီကောင်လေး တစ်ညလုံးပဲအင်္ကျီချွတ်အိပ်တဲ့ပုံ။

" ပုံရိပ် ထဦး၊ အင်္ကျီဝတ်စမ်း၊ အအေးပတ်မယ် "

" ဟင်... အကို.. "

" အင်း ထဦး "

" အကိုပြန်ရောက်ပြီပေါ့ "

ခါးကို တိုးပြီးဖက်လာတဲ့လက်တွေက တင်းတင်းကြပ်ကြပ်။ ဒါတင်မက ခေါင်းကလည်း မင်းအိမ်သူရဲ့ပေါင်ပေါ်ကိုရွေ့လာသည်။ အေးစက်စက်လက်မောင်းတွေကို အသာတွန်းဖယ်လည်း ရွေ့မသွားဘဲ ခေါင်းတိုးပြီးအိပ်နေပြန်၏။

" တစ်ညလုံးချွတ်အိပ်နေတာလား "

" အွန်း... ပူလို့ "

" အအေးပတ်မယ်လေ "

" ဒီလောက်ပူတာကို ဘယ်လိုလုပ်အအေးပတ်မှာလဲဗျာ "

" အဆုတ်အအေးပတ်တယ်ဆိုတာ မကြားဖူးဘူးလားကောင်လေးရ၊ ထတော့ အင်္ကျီဝတ် "

သူ့စကားကိုနားမထောင်။ ခါးကိုဖက်ထားတဲ့လက်တစ်ဖက်က သူ့ပေါင်ကိုပွတ်သပ်လာ၍ မင်းအိမ်သူ ထိုကောင်လေးကိုကြည့်နေလိုက်သည်။ မနေ့ညက စိတ်ဆိုးသွားတယ်ထင်ထားပေမဲ့ ဒီမနက်မှာ အသာတကြည်ဖြစ်နေတဲ့ပုံရိပ်မှာ သူမသိသေးတဲ့ပုံစံတွေလည်းရှိလိမ့်ဦးမည်။

အိမ်Where stories live. Discover now