ကားပေါ်ကအလွဲ

246 37 5
                                    

နယ်ဘက်သို့ သွားသော ခရီးသွားကားလေးတစ်စီး ကားဂိတ်ကိုဆိုက်ရောက်တာနဲ့ လက်မှတ်ဝယ်ထားသူ လူအများက ကားပေါ်သို့ သူတို့ရဲ့အထုပ်လေးတွေ တွန်းတင်ရင်း နေရာအသီးသီးယူလိုက်ကြလေပြီ။

ထိုစဉ် ကားလက်မှတ်အရောင်းဌာနတွင်တော့

"ခင်ဗျားတို့ ဘယ်လိုတွေအလုပ်လုပ်နေကြတာလဲ ဟိုးလွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ကျွန်တော် ကြိုတင် ဘိုကင်တင်ခဲ့တာလေ

နှစ်ယောက်တွဲခုံယူမယ်လို့! ခင်ဗျားတို့ဘဲပြန်ပြောတယ် ခုံနံပါတ် ၃ နဲ့ ၄ရပါတယ်ဆို အခုဘယ်လိုဖြစ်ရတာလဲ"

ကောင်တာစားပွဲရှေ့ကနေ လက်သုံးချောင်းထောင်လိုက် လေးချောင်းထောင်လိုက် လက်ကို ခပ်ကျစ်ကျစ်ပိုက်ထားလိုက်နဲ့ နှုတ်ခမ်းလေး တစ်ထော်ထော် ရန်တွေ့နေတဲ့ ဝက်ကလေးကို အဲ့လေ! ကောင်ကလေးကို ကောင်တာမှ မမများက ပြုံးစိစိဖြစ်ချင်ဟန်လေးနဲ့ ကြည့်လို့နေကြတယ်။

"ဒီမှာ ကျွန်တော်ပြောနေတဲ့အထဲ ရယ်စရာပါနေသလား။ ဘာကိစ္စကြောင့် ခင်ဗျားတို့က ရယ်ချင်နေရတာလဲ ပြောင်တာလား လှောင်တာလား?"

ကျစ်ကန်ကန်လေးနဲ့ ရန်တွေ့နေတာမှန်ပေမယ့် ငယ်ငယ်ချောချော အို! ကလေးလေးမှ ကလေးလေးရယ်ပါ ပါးဖောင်းဖောင်းနဲ့ ရန်တွေ့ပုံက ချစ်စရာလေးမို့ ပိုပြုံးမိပါရဲ့ သူလေးက စိတ်ခုသွားပုံ မျက်မှောင်တွေ ပိုပိုကျုံလာလေရဲ့

အဟမ်း ခနဲ စိတ်ထဲက ဟန်ကို့လို့ အိန္ဒြေကိုထိန်းရင်း ပြုံးချင်နေသော နှုတ်ခမ်းတို့ကို တည်တာ ရှေ့မှကောင်လေးအား ပြူးကြောင်ကြောင်လေးကြည့်လို့

"ဟုတ်တယ်လေ မောင်လေးရဲ့ အယ် အမ ပြောချင်တာက မဟုတ်ဘူးလေ"

ကိုယ်ပြောလိုက်ကာမှ ကောင်လေးရဲ့ အကြည့်တွေက ပိုစူးရဲလာလေတယ်။

"အမ ‌ဆိုလိုချင်တာက မောင်လေး‌ပြောသလိုဘဲ ခုံနံပါတ် ၃ နဲ့ ၄ က ရတယ်လေ မောင်လေးက ၃ ဒီဘက်က အကိုက ၄"

ဒီဘက်က အကိုဆိုတဲ့ စကားကြောင့် တစ်ဖက်ကို လှည့်အကြည့် ထိုလူကြီးရဲ့အကြည့်နဲ့ဆုံမိလေတော့ အမြန်ပင် အကြည့်လွှဲလိုက်ပြီး

၃ + ၄ (Short)Where stories live. Discover now