တစ်ရွေ့ရွေ့သွားနေတဲ့ကားလေးဟာ ရပ်နားစခန်းတစ်ခုအရောက်မှာ ရပ်နားလေတော့ ကားပေါ်က လူအများက စကားတတွတ်တွတ်ဖြင့် သူတို့နှင့်အတူလာတူ အဖွဲ့ အဖွဲ့တွေနဲ့ ဆင်းသွားကြလေတယ်။
တစ်ချို့ကတော့ စားသောက်ဆိုင်တွေဆီ တစ်ချို့ကတော့ သန့်စင်ခန်းဆီ အသီးသီး သွားကြသည်မှာ ကားပေါ် တစ်ယောက်စ နှစ်ယောက်စသာကျန်လေတေ့ာတယ်။
ကျန်နေတဲ့လူတွေထဲ အိပ်ချင်ယောင်ဆောင်နေသူ အမောင်ဝမ်ရိပေါ်လည်းပါလေသည်။
သူ့ခမျှ အရမ်းကို သန့်စင်ခန်းသွားချင်နေပေမယ့် ဘေးကလူကြီးကို မျက်နှာချင်းမဆိုင်ချင်သဖြင့်သာ မျက်စိကိုစုံမှိတ်လို့ အိပ်ချင်ဟန်ဆောင်နေခြင်းသာ
ကားဂိတ်မှာစတဲ့အလွဲက ကားပေါ်တက်တဲ့အထိပါလာသည်မို့လား ဘယ်လိုများ မျက်နှာချင်းဆိုင်ရမတုန်း
အကယ်လို့များ သူ့မျက်လုံးအစုံ ဖွင့်ကြည့်မိလို့ ထိုလူကြီး သူ့ကိုကြည့်နေရင်ဘယ်လိုလုပ်မလဲ။
ရှက်စိတ်ဖြင့်သာ တုတ်တုတ်မလှုပ်ဘဲ အတင်းမှိတ်ထားမိတဲ့ မျက်လုံးတွေကို ဆက်မှိတ်ထားနေမိတော့တယ်။
"ဒီမယ်"
"ဟေ့ ကလေး!"
ကိုယ့်အတွေးနဲ့ကို နစ်မြောနေတဲ့ ရိပေါ်ရဲ့လက်တစ်ဖက်ဟာ စောင့်ဆွဲခြင်းခံလိုက်ရမှ အသိစိတ်ကပ်သွားသလို
"ဗျာ"ကနဲ ထအော်မိလေတယ်။
သူ့ကိုခေါ်နေသူမှာ သူ့ဘေးကလူကြီးပင်
"အကို သန့်စင်ခန်းသွားမလို့ အဲ့ဒါ.."
"ဟ သွားပါ့လား ကိုယ့်ဟာကို ကျွန်တော်က လိုက်ပို့ပေးရအုံးမှာလား"
စတွေ့ကတည်းက အချိုးမပြေခဲ့သည်မို့ အခုထိလည်းစကားပြောရင် ဘောက်ဆတ်ဆတ်ပင်
"မဟုတ်ဘူးလေ မင်းက.."
"ဘာ မင်းလည်း သူများအိပ်နေတာကို လာနှိုးတာ ခင်ဗျားမှာ ယဉ်ကျေးမှုမရှိဘူးလား အသက်ဘဲကြီးလာတာလား ဦးနှောက်ရော ပါရဲ့လား"
နှုတ်ခမ်းတထော်ထော်နဲ့ ရန်တွေ့နေသူကြောင့် ပြောစရာစကားများပင် ပျောက်ရှသွားရသည်။