🔥11🔥

27 9 4
                                    

🔥11🔥 U

မှန်တင်ခုံရှေ့ အဖြူရောင် suit ကို ကျကျနနဝတ်ထားပြီး ထိုင်နေသော ကောင်လေးတစ်ယောက်.....

မနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့တာကြောင့်လား ကိုယ်ပဲ စိတ်လောနေလို့လားမသိ... အချိန်တွေက ပိုကြာနေသလို ခံစားနေရ၏။

မှန်ထက်က ပုံရိပ်ကို သေချာ စိုက်ကြည့်မိပြန်တော့ မဖိတ်ခေါ်သည့် မျက်ရည်တစ်စက်က ပေါက်ခနဲ ပါးထက် ခုန်ဆင်းလာပြန်သည်....

" အကို တောင်းပန်ပါတယ် ကလေးရယ်... "

နင့်နင့်သီးသီး စကားတစ်ခွန်းကိုသာ ညတည်းက အကြိမ်ကြိမ် ရွတ်ဆိုနေမိတာ မရေမတွက်နိုင်အောင်ပင်....

မနေ့က ဆေးရုံကအပြန် yoshi နဲ့ အိမ်ကို အရင်လိုက်သွားခဲ့တာမို့ ruto အခန်းကို သေချာသွားကြည့်ခဲ့သည်။ သူပွေ့ဖက်ထားခဲ့စဉ်တုန်းက ruto ရင်ခွင်ထဲ ရှိနေသည့် အရာက သူနဲ့ ဆင်တူ ဖန်လုံးလေး... အခုတော့ အမြင်မလှအောင် အစိတ်စိတ်အမွအမွ ကြေလို့ပေါ့....

ထို့နောက် အဖြူရောင် hoodie လေးကို ကောက်ကိုင်ကြည့်တော့ baby ဆိုသည့် ရင်ဘက်မှ စာသားအား ကတ်ကြေးနဲ့ အကြိမ်ကြိမ် ထိုးခွဲထားပုံရသည်။ထိုhoodie လေးအားမြင်တော့ အလေးအနက်ထားပြီး ဖွင့်တောင်မကြည့်ဖြစ်ခဲ့သည့် မွေးနေ့လက်ဆောင်လေးအား မြင်ယောင်လာတော့သည်။

ထို့အပြင် အခန်းနံရံထက် နေရာလွတ်ပင် မကျန်အောင် ပြည့်နေတဲ့ ပုံတွေ... အဲ့ပုံတွေက ဒီလပိုင်းအတွင်း သူ့လှုပ်ရှားမှုတိုင်းကို အသေးစိတ် မှတ်တမ်း တင်ထားသလိုပင်....

ထိုအရာများအား ကြောင်အစွာ ငေးကြည့်ရင်း junkyu ဘယ်လို တုံ့ပြန်ရမည်ကို မသိနိုင်ဖြစ်ရသည်။ ruto သူ့ကို ချစ်နေတယ်ဆိုတာ အမှန်တရား.... yoshi ပြောတုန်းက အရမ်းကြီး မယုံချင်ခဲ့ပေမဲ့ မျက်စိနဲ့ ကိုယ်တိုင် တွေ့လိုက်ရတော့ သိစိတ်က ဘူးခါပြီး ငြင်းလည်း မသိစိတ်က လက်ခံပြီးပြီ။

သူလိုချင်တာ ဒီအခြေအနေမှ မဟုတ်ပဲ.... ဒီအတိုင်း မိသားစုဝင် တစ်ယောက် သူငယ်ချင်းတစ်ယောက် ညီအစ်ကို တစ်ယောက်လို ချစ်ပေးခဲ့တာ...

သူ့အပြုအမူတွေက ruto ကို အထင်မှားစေခဲ့တာလား....
ဒါမှမဟုတ် ဒီအခြေအနေထိ ရောက်အောင် မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေပေးပြီး သူကပဲ တွန်းပို့ ခဲ့လေသလား...

Villain ( ဗီလိန္ / ဗီလိန် ) CompletedOù les histoires vivent. Découvrez maintenant