" ဒယ်ဒီ"
နွေနောက်ကိုလှည့်ကြည့်တော့ မြန်မာဝတ်စုံ အပြာနုရောင်လေးနဲ့ ကလေးမ
" ဪ...လွမ်းပါလား...လွမ်းက ဘုရားလည်းသွားတယ်ပေါ့"
" သွားတယ်...ဒယ်ဒီ...ဒယ်ဒီကစာမရှင်းပြတာကြာတော့ ကိုယ့်ဘာသာစာလုပ်၊ စာမေးပွဲနီးတော့ ဘုရားကိုအပူကပ်ရတယ်လေ"
" မလာလို့တောင်းပန်ပါတယ်...ဒီက ချစ်စရာကောင်းတဲ့ ဇနီးလေးနားကပ်နေမိလို့"
နွေက ဆွေးရဲ့ လက်ကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး ပြုံးပြုံးကြီးပြောလိုက်သည်။ ဆွေးကလည်း ရှက်ပြုံးလေးဖြင့် ခေါင်းငုံ့လျက်။ မျက်နှာပျက်နေမိသူကလွမ်း။
" ဒယ်ဒီ...မိတ်ဆက်ပေးဦး"
" မိတ်ဆက်ပေးပါမယ်...ဒါက ဒယ်ဒီ့ ချစ်သူ ချစ်ဇနီးလောင်းလေး..ဒေါက်တာဆွေးဥဩ...ပူတူး ဒါက ပူတူးကိုပြောပြတဲ့ ဆရာဝန်လောင်းလေ ရီဝေလွမ်း"
" တွေ့ရတာဝမ်းသာပါတယ် ညီမလေး"
" တွေ့ရတာဝမ်းသာပါတယ် မမ"
" ကဲ...ဒါဆို လွမ်း...ဘုရားကိုအပူကပ်ထားတော့...တို့တွေက anni ဆိုတော့ ပျော်လိုက်ဦးမယ်"
" ဟုတ်ကဲ့ ဒယ်ဒီ လွမ်း အပူကပ်ပါ့မယ် ဒယ်ဒီအားရင်တော့ လွမ်းကိုစာရှင်းပြပေးဦး"
" အိုကေအိုကေ"
နွေက ဆွေးရဲ့လက်ကိုဆွဲကာ ထွက်လာခဲ့သည်။ လွမ်းက တော့ ကြိတ်နိုင်ခဲမရဖြစ်ခြင်း၊ သဝန်တိုခြင်းတို့ဖြင့် တစ်ယောက်တည်းကျန်ခဲ့လျက်။
—————
" ပူတူး....ကိုယ်တို့ဘုရားရှိခိုးပြီးရင်..ရေသပ္ပါယ်ကြမယ်...ပြီးတော့ ဘုရားကြီးအထွက်က တိုဟူးကြော်ဆိုင်မှာ မနက်စာရှမ်းခေါက်ဆွဲနဲ့တိုဟူးကြော်သွားစားမယ်...ပြီးရင် လျှောက်လည်မယ် နေ့လယ်စာစားချိန်နီးမှ ပူတူးကို ကိုယ်တစ်နေရာခေါ်သွားဦးမယ်"
" ဘာတွေစီစဉ်ထားတာလဲနော်"
" သိချင်နေပြီထင်တယ်..ကဲပါ လောလောဆယ် ပန်းဝယ်ရအောင်..ဘုရားကိုကပ်ဖို့"
နွေနဲ့ဆွေးလည်း ဘုရားကန်တော့၊ တိုဟူးကြော်စားပြီး နွေခေါ်လာမည့်နေရာသို့ လိုက်လာရန် ကားဖြင့်ထွက်လာခဲ့လေသည်။

YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း ( Uni+Zawgyi)
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။