Part 1

4.8K 142 7
                                    

အနမ်းပင်လယ်🌊🌊🌊( တတိယတွဲ)
အပိုင်း(1)

အခန်းကြီးထဲ မျက်ရည်များကျကာငိုနေသော
ချစ်စရာမိန်းကလေးတစ်ဦး။

ဘေးတွင်လဲ ယောကျာ်းပီသစွာချောမောနေသောယောကျာ်းတစ်ဦး မထိရက်မကိုင်ရက်
ပုံစံဖြင့်ချော့မော့နေပုံက မိန်းကလေးအပေါ်
ဘယ်လောက်ချစ်လဲဆိုတာထင်ပေါ်နေလျှက်။

''ကလေးရာ ငိုစရာလားကွာ သားကကျောင်းပိတ်ရင်ပြန်လာလို့ရတာပဲ ဒါမှမဟုတ်
ကိုကိုတို့မိသားစုသွားလည်လို့ရတာပဲ ပြီးတော့နေမှာလဲ ကလေးပါးပါးတို့နဲ့လေ...''

''အဟင့်..ဟင့်..မသိဘူးသူများသားက်ို
ရှင်ကြီးလောဘကြီးပြီးအခုနိုင်ငံခြားပို့မှာလေ
ဟင့်..အံ့လေးက ငယ်သေးတာ ကိုကိုရှင်ကြီးမလွန်ဘူးလား ပြော...ဟီး..''

ပြောလဲပြောငိုချလိုက်သောကြောင့်
အဓိက မျက်နှာချောချောကြီးမှာ
ရှုံ့မဲ့သွားကာ  အချစ်ပုခုံးလေးအား
ဖက်လိုက်၍ ရင်ခွင်ထဲထည့်ဖက်ထားရင်းနဖူးလေးအားနမ်းရှိုက်ကာ...

''ကလေးရာ ဒါသားအံ့လေးရှေ့ရေးအတွက်
ကိုကိုစီစဥ်ရတာလေကွာ သားအံ့လေးက
ကိုကိုရဲ့နေရာကိုဆက်ခံရမှာ ဒါ့ကြောင့်
အရည်အချင်းကသူများတွေထက်သာနေဖို့လိုတယ် သားအံ့လေးကငယ်သေးပင်မဲ့ ပြည်ပမှာအရင်ထဲကကျောင်းတက်လာခဲ့တာပဲ
သားအတွက်ကိုကိုစိတ်ချတယ် အချစ်ခံစားနေရတာ ကိုကိုသိတယ် ဒါပင်မဲ့ကိုကိုတ်ို့ရေရှည်ကို
ကြည့်ရမယ်လေကွာ..."

''ဟင့်..မသိဘူး သူများသားကြီးလေးကို
ကိုကိုအဝေးပို့ပြစ်တာ ကိုကိုဒီနေ့ကစပြီး
အချစ်အနားလာမ​နေနဲ့.. အဟင့်..ဟင့်...''

ပြောလဲပြော ကလေးတစ်​ယောက်လို
မျက်ရည်သုပ်နေသောပုံစံလေးကိုယ်
အဓိကကြည့်၍အူတွေအသည်းတွေယားနေမိကာ ဒီအမျိုးသမီးလေးကို ချစ်လို့မဝနိုင်ပေ။

ထိုအချိန် အဓိကစစ်ကူးတောင်းသလို
ဘေးတွင်မျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့်
မော့ကြည့်နေသော အမွှာနှစ်ယောက်ဆီအကြည့်များရောက်သွားခိုက် သားအကြီးလေးထူးဆန်းအံ့ဖွယ်ကတော့ နှုတ်ခမ်းလေးဆူ၍
လက်ကလေးပိုက်ကာတစ်ဖက်လှည့်သွားသောကြောင့် အဓိက သမီးဖြစ်သူဆီပြန်ကြည့်ချိန်...

အနမ်းကမ္ဘာ(တတိယတွဲ)Where stories live. Discover now