Part 2

1.9K 54 2
                                    

အနမ်းပင်လယ်🌊🌊🌊(တတ်ိယတွဲ)
အပိုင်း(2)

စီးကျလာသောသွေးများကြောင့်
စိုးရိမ်တကြီးဖြစ်သွားသောအချစ်
မျက်နှာလေးအားချက်ချင်းပြန်တင်းလိုက်ပင်မဲ့
မျက်ဝန်းကြည်ကြည်လေးထဲ ပုလဲရောင်မျက်ရည်ဥလေးများကဝဲတက်နေတော့သည်။

အဓိက အရိုက်ခံလိုက်ရသော်လဲ နာတာအား
ဂရုမစိုက်နိုင်။သူမအနားသာတိုးကပ်သွား၍
တုန်ယင်နေသောကိုယ်သေးသေးလေးကို
ရင်ခွင်ထဲဆွဲဖက်ထားကာ...

''ရိုက်ပါကလေးရယ် ​ကလေးကျေနပ်အောင်ရိုက် ဟုတ်ပြီလား ဒါပင်မှမျက်ရည်မကျနဲ့ကွာ
ကိုကိုအကြောက်ဆုံးက ကိုကိုမိန်းမမျက်ရည်
ကျမှာကိုယ်ပဲ...''

''ဒါဆို ရှင်ဘာလို့ အဲ့ဒီမိန်းမစကားပြောတာကို
ပြန်ပြောရတာလဲ အဲ့ဒီမိန်းမရှင်ကြီးကို
ဘယ်လိုသဘောထားနေလဲ မြင်နေရတာပဲ
ရှင်ကဘာလဲ အချစ်ကိုရသွားလို့နောက်တစ်ယောက်..."

''တ်ိတ်စမ်း အချစ်..."

ခပ်ပြတ်ပြတ်အသံအဆုံး အချစ်ကိုယ်လေးတုန်တက်သွားသလို မျက်ရည်များဝိုင်းကာ
သူ့ကိုမော့ကြည့်လိုက်ရင်း....

''ရှင်...ရှင် အချစ်ကိုလာမအော်နဲ့..."

ထိုတော့လဲ အဓိကပြူပြာသွားကာ
သူမမျက်နှာလေးအနီးငုံ့ချလိုက်၍...

''ကိုကိုအတွက် မင်းကလွဲပြီးဘယ်မိန်းမအတွက်မှနေရာမရှိတော့ဘူးအချစ်
ကိုကိုရင်ဘက်ကြီးထဲ အကုန်မင်းနေရာတွေကြီးပဲ ဘာဖြစ်လို့ဆိုးချင်နေရတာလဲကလေးရယ်..."

''ဟင့်အင်း..ဘာမှလာမပြောနဲ့ ရှင်ဒီရက်ပိုင်း
တစ်​ယောက်ထဲအိပ် ကျွန်မသားနဲ့သမီးဆီ
သွားအိပ်မယ်...''

''ရမလား ကလေးရယ်ကိုကို အချစ်မရှိလို့မရဘူး...''

အချစ် သူ့ကိုနှုတ်ခမ်းလေးဖိကိုက်ကာကြည့်လိုက်ရင်း..

''သေလိုက်လေ ဦးအဓိက ကျွန်မကအရင်လိုနုံအတဲ့မိန်းမ မဟုတ်တော့ဘူးသိလား...''

''သိပါတယ်ကွာ အဟွန်း ကိုကိုမိန်းမက
အရင်ကထက်ပိုလည်ပြီး ကိုကိုအပေါ်
အရမ်းဆိုးလာတာ..."

''ဟွန့် ...ရှင်ကြီးကမျက်နှာများချင်နေတာ....'''

''မဟုတ်ဘူးကလေးရာ နောက်တစ်ခါ
ကိုကို အဲ့ဒီတစ်ယောက်ကို ဘာမှပြန်မပြောတော့ဘူးဟူတ်ပြီလား..."

အနမ်းကမ္ဘာ(တတိယတွဲ)Where stories live. Discover now