Part 3

2.8K 77 12
                                    

အနမ်းပင်လယ်🌊🌊🌊(တတိယတွဲ)
အပိုင်း(3)

''ကြည့်စမ်းပါအုံး အဘွား​မြေးလေးတွေ
လက်နုနုလေးတွေမှာရဲလို့...တောက်...
လာပါစေအုံးအဓိက...''

သူမ သားဖြစ်သူအားကြိမ်းလဲကြိမ်း
နှုတ်ခမ်းလေးများထော်နေသော
မြေးနှစ်ယောက်အားချော့နေမိ၏။

ထူးဆန်းလေးကတော့ထုံးစန်အတိုင်း
နှုတ်ခမ်းလေးဆူ၍တစ်ဖက်လှည့်နေသလို
အသဲလေးကတော့ လုံးနေသောနှုတ်ခမ်းလေအားထော်ပြစ်၍..

''ဘွားဘွားဂျီး ပေပေက အတဲယေးတို့က်ို
ယုတ်တာ...အဟင့်...''

''ဟုတ်ပကွယ် ဘွားဘွား ရိုက်ပေးမယ်သိလား.. "

ထိုတော့လဲ နှစ်ယောက်သား ဖခင်ဖြစ်သူအရိုက်ခံရမှာဆိုးသောကြောင့် မျက်နှာလေးတွေ
မဲ့သွားပုံလေးက အသဲယားစဖွယ်။

သူမ ထိုပုံစံလေးတွေအားကြည့်၍အသဲယားသွားကာမြေးနှစ်ယောက်လုံးရဲ့ပါးပြင်အား
တစ်ချက်ဆီနမ်းလိုက်၍...

''အေးမာ ကလေးထိန်းနှစ်ယောက်ကိုသွားခေါ်
ကလေးတွေရေချ်ိုးပေးရအောင်..."

''ဟုတ်ကဲ့မေမေကြီး.. "

ခဏအကြာကလေးထိန်း Nurseမလေးများ.ရောက်လာ၍ အသဲလေးနှင့်
ထူးဆန်းလေးအားခေါ်သွားကြချိန်
အပေါ်က ပြုံးစေ့စေ့ဖြင့်ဆင်းလာသော
သားဖြစ်သူကြောင့် သူမမျက်ခုံးလေးများ
ပင့်တက်ကာကြည့်၍...

''အဓိက ..."

အဓိက မေမေခေါ်သံကြောင့် မျက်နှာအား
မျက်နှာပိုးသပ်လိုက်ကာ အနားလျှောက်သွား၍...

''မိုးချုပ်တော့မှာကိုယ်မေမေ ဘာလာလုပ်တာလဲ..."

''အေး ငါလာလို့ပေါ့ မဟုတ်ရင်ငါ့မြေးလေးနှစ်​ယောက်ဘယ်အချိန်ထိ ကြိုးချည်ခံထားရမလဲမသိဘူး မင်းနော် မင်းကြည့်လုပ် ...''

''အဟွန်း အသာလေးချည်တာပါမေမေရာ
အဲ့ဒီမျောက်နှစ်ကောင်ကအတင်းရုန်းလို့နေမှာပေါ့..."

''အော် ကိုယ့်သားသမီးကိုမျောက်နဲ့နှိုင်းစရာလား ဓိဓိရယ်..."

''အဲ့ထက်ဆိုးပါတယ်မေမေရာ မေမေမြေးတွေအကြောင်းလဲ မသိတာကြလို့.. ''

You've reached the end of published parts.

⏰ Last updated: Sep 04 ⏰

Add this story to your Library to get notified about new parts!

အနမ်းကမ္ဘာ(တတိယတွဲ)Where stories live. Discover now