( Unicode)
ဆည်းဆာ..လက်ဖက်ရည်ဆိုင်....
"ဟျောင့်....ထွန်းကျော်..မမအေးသွယ် ဒီလမ်းကလာမယ်ဆိုတာသေရောသေချာရဲ့လား.."
"သေချာပါတယ်ကွ...မအေးသွယ်စျေးဝယ်ပြန်ရင်ဒီလမ်းကနေပဲပြန်လာနေကျ....အဖော်နှစ်ယောက်တောင်ပါသေးတယ်.."
ထွန်းကျော်ကလက်ဖက်ရည်ကိုတစ်ကြိုက်မော့ရင် ပြောသည်။
ရင်သွေးငယ်တစ်ယောက်... မြေနီနီခင်းထားသည့်လမ်းသွယ်သွယ်ကိုလမ်းမျှော်ကြည့်သည်။
မမအေးသွယ်ကို သူသဘောကျသည်။သူမက လှသည်။ကျောလောက်ထိရှည်သည့်ဆံနွယ်ထူထူကို နှစ်ဘက်ခွဲ၍နှစ်ဖက်ရှိုထုံးထားလေ့ရှိသည်။
ချည်ကွက်ဝမ်းဆတ်ကိုပဲလှလှပပဝတ်ဆင်တတ်ပြီး သနပ်ခါးပျစ်ပျစ်ကိုလည်းပါးနှစ်ဖက်တွင်လိမ်းချယ်ထားသေးသည်။ဟော....လာပါပြီ...စျေးခြင်းတောင်းကိုလက်ကဆွဲကာ ဘေးကအဖော်နှစ်ယောက်နှင့်စကာပြောကာလျှောက်လာသည်။
" ဗျို....မမအေးသွယ်...!"
လက်ဖက်ရည်ဆိုင်ထဲကနေပဲ အသံပေး၍လှမ်းခေါ်လိုက်သည်။ရင်သွေးငယ်အသံကြားတော့ မမအေးသွယ်ကမဝင့်မရဲလှမ်းကြည့်၏။
ပြောရမည်ဆိုရင် အကြည့်ချင်းဆုံသွားတယ်လို့တောင်ပြောရမည်.... ရင်သေးငယ် မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်။မမအေးသွယ် ရှက်သွားတာကိုသူကောင်းကောင်းမြင်လိုက်ပါသေးတယ်။
"ဟျောင့်တွေ...ငါ့မမဆီသွားတော့မယ် မင်းတို့နေခဲ့တော့...!"
"ဟမ်....!! ဟျောင့် ရင်သွေးငယ်ဘယ်တုန်းကမင်းမမဖြစ်သွားတာလဲဟ...!"
"ဟားးးး...မင်းတို့ကလဲ...ငါနာမည်ဘယ်သူလဲ ၊ ရင်သွေးငယ်ပါကွ...မိန်းကလေးကိစ္စနဲ့ပတ်သတ်ရင်ဘယ်တုန်းကငါကနှောင့်နှေးဘူးလို့လဲ...!"
ရင်သွေးငယ်....ဆိုင်ထဲမှထွက်ကာ...မမအေးသွယ်ဆီလျှောက်လာသည်။ဘေးကအဖော်နှစ်ယောက်ကလည်း ၊ အလိုက်တသိပဲရှောင်ပေးကြသည်။
မမအေးသွယ်က ပြုံးပြသည်။ ရင်သွေးငယ်ရင်ထဲအေးမြလာသည်။" မမ..."
"ရှင်...."
နှုတ်ခမ်းဆူကာ မျက်နှာကိုဘေးသို့လွှဲလိုက်တယ်။
ရင်သွေးငယ် မျက်နှာပျက်တော့ မမကပျာပျာသလဲမေးသည်။
YOU ARE READING
" ဖွဲ" မီးလို..အချစ်(Ongoing)
Romantik"လွမ်းတယ် " ဆိုတဲ့ဝေါဟာရရဲ့နောက်မှာ အမှောင်ယံတွေပဲရှိတယ်