အပိုင်း(၃)

148 10 4
                                    

Unicode

ညနေ၃နာရီအချိန်လောက်ဖြစ်သည်။ကျောက်စည်သည်...ကျောင်းဝန်းအတွင်း လိုက်လံသိမ်းဆည်းနေသည်။ ကျောင်းအုပ်ကိုတင်သိန်း အပါအဝင် ဆရာ/ဆရာမ စုစုပေါင်း ၄ယောက်သာရှိသည်။
ကျောင်းသားအားလုံးပြန်သွားပြီမို့ သိမ်းစရာရှိတာသိမ်း တံခါးသော့ခတ်စရာရှိတာခတ် လိုက်လုပ်နေကြ၏။
ကိုတင်သိန်းက နှောပင်ရွာကမို့ ပြန်ရန်ဆိုင်ကယ်ထုတ်နေလေပြီ။
ကျန်တဲ့ ဆရာမနှစ်ယောက်ကတော့ ကျောက်စည်နဲ့တစ်ရွာထဲသာဖြစ်သည်။

"ဗျို့....ကိုကျောက်စည် ကျုပ်ဖြင့်သွားစရာရှိသေးလို့ ပြန်နှင့်မယ်ဗျာ..လုပ်စရာရှိတာအမြန်လုပ်ပြီး ပြန်ပေတော့ဗျာ...."

" ဟုတ်ပါပြီ...ကိုတင်သိန်းရေ .."

ကိုတင်သိန်းပြန်သွားပြီး ခဏအကြာကျောက်စည်နှင့် ဆရာမလေးများရွာအဝင်လမ်းအတိုင်းယှဥ်ကာလျှောက်လာကြသည်။ကျောက်စည်၏လက်ထဲတွင်လည်း သွားလေရာယူယူသွားတတ်သည့် ငှက်ကြီးတောင်ဓားသည်မပါမဖြစ်ဖြစ်သည်။

ဝတ်ထားသည့် အဖြူအစိမ်းနှင့်မှမလိုက် ပုဆိုးတစ်စကိုဘယ်လက်ဖြင့်ခတ်တိုတိုမကာ ညာလက်ဖြင့် ဓားကိုင်ကာလျှောက်နေသည်မှာ မြင်သူအဖို့ အသည်းတယားယား။

" ကိုကျောက်စည်ရယ်...သွားလေရာဒီဓားကြီးယူယူသွားတာ ရှင်မပင်ပန်းဘူးလား..."!

"အိုဗျာ..ကျုပ်သယ်နိုင်လို့ကျုပ်ယူလာတာ အမိတို့အပူပါသလား...ခင်ဗျားတို့မိန်းကလေးတွေများ ကိုယ်နဲ့မဆိုင်ရင်နေရာတကာအမြဲပါတယ်..."

မျက်စောင့်ဝင့်ကာ စိတ်ပျက်သလိုပုံနှင့်ခပ်ရွဲ့ရွဲ့ပြောလိုက်သော ကျောက်စည်၏စကားကြောင့် ကျောင်းဆရာမလေးမြနွယ်နှင့် ရည်ရည်မွန်သည် မျက်နှာများရှုံ့တွသွားကြသည်အထိ။
ဘယ်လို လူဂွစာကြီးပါလိမ့်။

ထိုနောက်...ဆရာမလေးနှစ်ယောက်ကတစ်ခြားလမ်းကပြန်ရန်နှုတ်ဆတ်ကာ ခွဲထွက်သွားသည်။
အခုဆို..ကျောက်စည်တစ်ယောက်ထဲဖြစ်သည်။
ဘယ်သူ့ကိုမှ ဂရုစိုက်မနေတာကြောင့်ကိုယ့်လမ်းကိုသာတည့်တည့်လျှောက်လာလိုက်တယ်။
ခြုံထူသော တစ်နေရာအရောက် ရုတ်တရတ်ဖွားကနဲပေါ်လာသော လူသုံးယောက်။သူတို့သည်ကား ရွာအရှေ့ပိုင်းက ရင်သွေးငယ်နှင့်သူ့ရဲ့အဖော်နှစ်ယောက်ဖြစ်သည်။

" ဖွဲ" မီးလို..အချစ်(Ongoing) Where stories live. Discover now