Chapter-4

211 37 4
                                    

"Hyung"

ရုတ်တရက်သူ့လက်အားလာကိုင်သော်ကြောင့်ဝေါ်နူသည်ထိုကောင်လေးအားမျက်မှောက်ကြုံ့ကာပြန်ကြည့်လိုက်ပီး

"မင်းဒါဘာလုပ်တာလဲ"

"ဒီမှာHyungကျောင်းသားကဒ် ဟိုနားမှာပြုတ်ကြနေတာတွေ့လို့ လာပေးတာပါ"

ဘယ်တုန်းကကျသွားမှန်းတောင်သူမသိလိုက်ပေ။ဝေါ်နူသည်ကဒ်အားလှမ်းယူလိုက်ကာ

"ကျေးဇူး"

ဝေါ်နူပါးစပ်မှကျေးဇူးဆိုသည့်စကားအပြင် ကျန်မည်သည့်စကားမှမထွက်လာ

ကြည့်နေတဲ့မျက်နာကိုကအူကြောင်ကြောင်လေးနဲ့ကွာကြောင်ပေါက်လေးလိုပဲ

"Hyungက စကားပြောရင်အမြဲအဲ့အတိုင်းပဲလား"

"လူလိုပြောနေတာပဲလေ နားမလည်ဘူးလား"

စကားကိုအကောင်းပြောမယ်ကိုမရှိပါလား။

"ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ မုန့်လေးလိုက်ဝယ်ကျွေးချင်ဘူးလား"

ဒီကောင်လေးတော်"ရဲတာပဲ

"မင်းကိုဘယ်သူကပြန်ဆပ်မယ် ပြောလို့လဲ"

"ကျွန်တော်ကပဲ ပြောတာပါ"

ကျစ်!

"ငါ့ဆီကဘာလိုချင်နေတာလဲ မနက်ကလည်းတစ်ခါ အရင်နေ့ကလည်းငါ့ကိုစိုက်ကြည့်နေတာမင်းမလား"

"Hyungကကျွန်တော့်ကိုမှတ်မိသားပဲ"

မင်ဂယူသည်ပြုံးစိစိဖြင့် ပြန်ပြောလိုက်ကာ

"ဒီတိုင်းHyungနဲ့ရင်းနှီးချင်လို့"

ဝေါ်နူသည်နားမလည်သော် မျက်လုံးများဖြင့်ကြည့်လိုက်ကာ တွေ့တာတောင်ဘယ်လောက်မှမကြာသေး သူနဲ့ရင်းနှီးချင်သည်တဲ့လား။

တစ်ဖက်လူမှာDominant Alphaမှန်းသိနေပီးသားဖြစ်သော်ကြောင့်သူ့လိုDominant Omegaတစ်ယောက်အား ရင်းနှီးချင်သော်စကားပြောသည်ကိုဝေါ်နူမယုံနိုင်ပါ။Alphaအများစုမှာလည်းသူ့အား မကောင်းသော်အကြံများဖြင့်သာ ချဉ်းကပ်လာတတ်ကြသည့်အကြောင်းကြောင့်ပင်။

"ငါတော့မရင်းနှီးချင်ဘူးမင်းနဲ့"

"အာ့ကြောင့် မင်းထွက်သွားလိုက်တော့"

Built for SinWhere stories live. Discover now