Chapter-5

209 35 2
                                    

မနက်ခင်းစောစောစီးစီး မင်ဂယူတစ်ယောက် ကျောင်းမသွားခင် အခန်းထဲမှ ဆေးအထုတ်တွေအား ဟိုရှာဒီရှာဖြင့် မွှေနှောက်နေတော့၏။

"သား ဘာဖြစ်လို့လဲ နေမကောင်းလို့လား"

"မဟုတ်ပါဘူးမား ဒီတိုင်းလိုလိုမယ်မယ်ဆောင်သွားမလို့ပါ"

ပြာပြာယာယာနှင့် အိတ်ထဲရှိသမျှ ဆေးတွေ ပလတ်စတာတွေ ပစ်ထည့်ပီး ထမင်းစားပွဲပေါ်တွင် မနက်စာအတွက် ပေါင်မုန့်တစ်ချက်အား ပါးစပ်ထဲသို့အတင်းထိုးထည့်ကာ သွားလေတော့သည်။

"မား သားသွားပီနော်"

ပလုတ်ပလောင်းနှင့် အဝေးကနေ လှမ်းအော်ပြောသော် သားဖြစ်သူအား

"ဟဲ့ ဖြည်းဖြည်းသွားလေ အော်ဒီကလေးနဲ့တော့"

မနေ့ကတည်းက သတိထားမိနေသော် မျက်နာကဒဏ်ရာကို ဆေးမထည့်ပဲ ဒီတိုင်းကြီးထားထားတော့ စိတ်ထဲမှမနေနိုင်ပဲ မင်ဂယူတစ်ယောက်ကိုယ်နဲ့မသိတဲ့သူအား မနက်ဖြန်ကြ ဆေးထည့်ပေးမည်ဟု ပြောခဲ့ချင်းပင်။ကိုယ့်ကိုကိုယ်တောင် ထိုစကားပြောခဲ့သည်ကို မယုံနိုင် ဟိုတစ်ကောင်ဒိုဂယောင်းကြားရင်တော့ သူ့အား ဆဲမှာသေချာ သူငယ်ချင်းအရင်းကြီးကိုတောင် အဲ့လိုမျိုးဂရုစိုက်ပေးတာမဟုတ်ဘူးဆိုပီး။

ဒီတိုင်းရှောင်ထွက်သွားလည်း ရနေသည့်ကိစ္စကို တကူးတကပြောခဲ့သည်ပင်။ဒါမယ့်မင်ဂယူ လန့်တော့လန့်နေမိ၏။ ထိုစကားပြောပီးချင်း ဝေါ်နူမျက်နာဟာနီရဲလာပီး သူ့အားဆဲဖို့အလုပ် အနောက်သို့ပင်လှည့်မကြည့်ပဲ ပြေးထွက်လာခဲ့ရခြင်းပင်။

အခုလည်း အိမ်မှာရှိသမျှဆေးတွေသာထည့်လာတာ သူ့အားတွေ့သည်နှင့်စွာနေသော်မြှောင်ပေါက်အား ဘယ်လိုနည်းနဲ့ပြောပီး ဆေးထည့်ပေးရမလဲ သူမသိပေ။

အတန်းအချိန်မရောက်သေးတာကြောင့် ကျောင်းဝန်းထဲလျှောက်သွားနေစဉ် ပန်းခြံတစ်ခုထဲရှိ ထိုင်ခုံတွေထိုင်နေပီး ရှေ့တွင်ရှိသော် စားပွဲပေါ်တွင် မေးစေ့လေးထောက်ကာ စာအုပ်ထိုင်ဖတ်နေသော်ဝေါ်နူ ရွှေဝါရောင်ဆံပင်လေးများနှင့် မျက်လုံးလေးများကလည်းစင်းနေကာ ထိုမြင်ကွင်းနှင့် လိုက်ဖက်နေမှုကြောင့် မင်ဂယူ၏ ကိုယ်ဘယ်ဘက်အထက်ရှိ ရင်ဘက်မှနှလုံးခုန်သံများမြန်လာလေတော့၏။

Built for SinWhere stories live. Discover now