ငါကံကို မုန်းတယ်

28 7 0
                                    

Unicode

***

"အဆင့် ၁၀ မောင်ကံထူးလွင်"

"ဝိုးးးးး"

စာသင်ခန်းတစ်ခန်းလုံး ထအော်ကြသည်။ ဘာများပါလိမ့်...အမှတ်စာရင်းပေးနေသည်တဲ့ ယောက်ျားလေးများတွင် အဆင့်ဝင်သည်က မောင်ကံထူးလွင်တစ်ယောက်ထဲသာ...ထို့ကြောင့် အဆင့်ထွက်တိုင်း မိန်းကလေးများသာ ဖြစ်၍ ထို ရှစ်တန်းအခန်းလေးမှာ နာမည်ကြီး၏။ မောင်ကံကတော့ ပုံမှန်ဆိုလျှင် အဆင့် ၁၁ ဖြင့် တစ် နေ၍ ဘယ်သောအခါမျှ အမှတ်စာရင်းထဲ မဝင်ဖူးပေ။ သူမှမဟုတ် ယောင်္ကျားလေးတိုင်းပင်ဖြစ်သည်။ ယခု နှစ်ဝက်စာမေးပွဲတွင်တော့ သူအမှတ်စာရင်းကို ဝင်ပြီတဲ့လေ...

"အဆင့် ၃ မမှူးထက်ကဗျာ အဆင့် ၂ ‌သံဇဉ်မေ အဆင့် ၁...ဘယ်သူဖြစ်မယ်ထင်သလဲ..."

ဆရာမနှင်းနှင်းသော်မှ အမေးအား တညီတည်းဖြေကြလေသည်။

"ယုလွန်းဝေသီ..."

"သိပ်ဟုတ်တာပေါ့ သမီးယုလွန်း အဆင့် ၁ ဖြစ်ပါတယ် ဂုဏ်ပြုပေးလိုက်ကြပါအုံး"

"ဖြောင်း ဖြောင်း ဖြောင်း"

လက်ခုပ်သံတို့ ဆူဝေညံသွားရ၏။

"ဆရာမ တစ်ခုခုမှားနေပုံဘဲ သမီးစာတွေဆိုလဲ အမြဲကျက်နာ မှတ်နာ စာမေးပွဲဆိုလဲ သမီး သေချာဖြေပြီးရင့် အထပ်ထပ်ခါခါ စစ်ထားတာ အဆင့် ၂ မဖြစ်နိုင်ဘူး ဆရာမ"

"သမီးဘက်က သေချာစစ်သလို ဆရာမတို့ဘက်ကလဲ သေချာစစ်တာမို့ မှားစရာ‌အကြောင်းမရှိဘူးနော် မနာလို ဝန်တိုလဲ မရှိရဘူးနော် သမီးသံဇဉ်"

"သမီးက ဘာမှတောင် မပြောရသေးဘူး"

"အေးပါကွယ်"

ယုလွန်းဝေသီက အမြဲတမ်း အဆင့် ၁ မွေးကတည်းက အဆင့် ၁ ကို ကိုက်မွေးလာပုံရသည်။ သံဇဉ်ဆိုသည်မှာလည်း အဆင့် ၂မဟုတ်ရင် ၃ တော့အမြဲရသည်။ မှူးထက်ကဗျာကတော့ ယုလွန်းဝေသီရဲ့ အခင်ဆုံးသော သူငယ်ချင်းတစ်ဦးဖြစ်သည်။ သံဇဉ်နှင့်တော့ သိပ်မပေါင်းဖြစ်ပေ။ သူမက မာနကြီး၍ အတ္တစိတ်များသည်။ သူမက ပူလောင်နေသလိုဘဲ ဟု ယုလွန်းက အမြဲကောက်ချက်ချလေ့ရှိသည်။ မှန်လည်း မှန်သည်။

လူငယ်၏ အစဉ် Where stories live. Discover now