Unicode
အချိန်တွေ နှောင်းခဲ့ပြီ လွန်ခဲ့ပြီ ကျော်ခဲ့ပြီ ဖြတ်ခဲ့ပြီ...ရင်ထဲက နှံ့ဆွနေတဲ့ ဆူးလိုလို ခပ်အစ်အစ်အရာလေးတို့ကလည်း အနာကျက်သလိုပင်။ သို့သော် ဆူးခက်တိုင်းတော့ မဟုတ်နိုင်ပါ။
.
.
.
"သူလေ သူပေါ့ ငါ ဘယ်တော့မှ အဆင့်တစ်မရနိုင်တာ သူ့ကြောင့်လေ""နာမည်က"
"ယုလွန်းဝေသီတဲ့"
"တစ်မျိုးနော် သံဇဉ်မေရေ"
"အေးဟယ် မွေးကတည်းက သူ့ကြောင့် အဆင့်တစ်မရနိုင်တာလေ"
"ငယ်ငယ်ကတည်းကလား"
"အေးပေါ့"
"အဆန်းကြီး သူကအခုက ဆေးကျောင်းမှာလား"
"အင်း"
"ငါတော့ သူ့ကို တွေ့ချင်လိုက်တာ ဪဒါနဲ့ နင်လဲ အစက ဆေးကျောင်းတက်ချင်လို့ မဟုတ်လား ဘယ်လိုလုပ် နိုင်ငံခြားဘာသာစကားဆီ ရောက်ချလာတာလဲ"
"ဒီလိုပါဘဲ"
အတိတ်ဆိုးတွေရှိတယ်ကွယ့် ပိုးခင်ရဲ့ နင်မသိတဲ့ အတိတ်ဆိုးဆိုးတွေ ငါ့ဆီမှာ""စိတ်ထဲမှသာ ရေရွတ်မိတော့သည်။
"နင် အရမ်းပြောပြောနေတဲ့ ဒေစီကရော"
"သူလဲ ဒီမှာဘဲလေဟ"
"မြင်မိပါဘူး"
"သိတာကျလို့"
"နင်က မိတ်ဆက်ပေးပေါ့"
"သူ့အိမ်က နယ်ဘက်မှာ ဝေးလွန်းလို့ မရောက်သေးလို့ တစ်ပတ်နောက်ကျမှတဲ့ဟေ"
"ဪ ပြောပေါ့ စောစောက"
"ဟင်း"
"နောက်ပြီး နင်ပြောနေတဲ့ ဟိုတရုတ်နှစ်ယောက်ကရော ဆေးကျောင်း.."
သံဇဉ်စိတ်မရှည်နိုင်ပါ။ ပုံမှန်ဆိုလျှင် သူက ပိုးခင်ထက် လေပေါတာ ဝန်ခံပါသည်။ သို့သော် ယခုခြေနေကြီးက တမင်သပ်သပ်ကို အနာဟောင်းလာဆွနေသလို ဒဏ်ရာဆားပတ်နေသလိုနဲ့ တစ်စိုးတစ်စိမျှ စိတ်ထက် မရှည်ပေးနိုင်ပါ။ ကျိန်ဆဲကို ပစ်လိုက်ချင်တယ်...
"အရမ်းစပ်စုတာဟယ် မပြောချင်ဘူး ဘာဆိုဘာမှ မပြောချင်ဘူး"
"ဟင်"