Chapter - 3

70 11 0
                                    

လူတစ်​ယောက်ကို ချစ်မိဖို့အတွက် ၃ စက္ကန့်ပဲလိုတယ်တဲ့....

------------------------

Thesis လုပ်ရင်း Mingyu နဲ့ Wonwoo တော်တော်ရင်းနှီးလာကြတယ် စာသင်ချိန်ကလွဲရင် နှစ်ယောက်သားအမြဲတတွဲတွဲတွေ့နေရတာ အခုလည်း....

"Hyung ဒီညနေ ကျွန်တော်အိမ်လိုက်ခဲ့ပါလား စာကအကုန်နီးပါးပြီးသွားပြီဆိုတေ့ာ အိမ်မှာပဲအေးဆေးလုပ်ပြီး လက်စသတ်လိုက်ရအောင်"

"အဆင်ပြေရင် လိုက်ခဲ့မယ်လေ ဒီနေ့ခေါင်းနည်းနည်းကိုက်နေလို့ နားနားနေနေ လုပ်ချင်တာနဲ့ အတော်ပဲ"

"ရတယ် Hyung ကျွန်တော်ကတယောက်ထဲနေတာမလို့ လွတ်လွတ်လပ်လပ် နေလို့ရတယ် မကျေနပ်ရင် အိပ်ပါအိပ်သွားလို့ရတယ်"

အဲ့လိုနဲ့ Mingyu ရဲ့ အိမ်ကိုရောက်သွားဖို့အကြောင်းလေးဖြစ်လာတာပေါ့....

အိမ်ရောက်တေ့ာလည်း Mingyu တစ်​ယောက် Hyung ဘာစားချင်လဲ ဘာသောက်ချင်လဲ ခေါင်းကိုက်လား မှေးချင်မှေးနော် ဆိုပြီး အကုန်တခုချင်းဆီလိုက်​မေးနေသေး

"မင် ရေချိုးစရာရှိတာ ချိုး Hyung ဗိုက်လည်းမဆာသေးဘူး မင် ဆင်းလာမှာ တခုခုတူတူလုပ်စားကြတာပေါ့ ခေါက်ဆွဲပြုတ်ဖြစ်ဖြစ် တခုခုပေါ့ အခုတေ့ာ စာ လုပ်ရင်းစောင့်နေလိုက်မယ် လုပ်စရာရှိတာလုပ်" ဆိုပြီး လုပ်စရာတွေ မလုပ်ပဲ Wonwoo နား ပေ ပြီး ကပ်နေတဲ့ မင် ကိုနှင်လွှတ်လိုက်ရတယ်

Mingyu တယောက် လုပ်စရာတွေအကုန်ပြီးလို့ ဧည့်ခန်းထဲပြန်ရောက်လာတေ့ာ လက်ကလေးကို ခုပြီး အိပ်ပျော်နေသော Hyung ပေါက်စကိုတွေ့လိုက်ရတယ်

Hyung ပေါက်စက အအိပ်စက် တတ်တာကြောင့် ဖြည်းဖြည်းချင်း ခြေလှမ်း လှမ်းပြီး အနားမှာသွားထိုင်ပြီး ငေးကြည့်နေမိတယ်

Hyung ပေါက်စ လေးက တကယ်ချစ်ဖို့ကောင်းတယ် သူဘာသာအေးဆေးနေတတ်ပေမဲ့ သူရင်းနှီးတဲ့လူတွေနဲ့ဆို သူလွတ်လွတ်လပ်လပ်နေတတ်တဲ့ပုံစံလေးးပြတတ်တယ် တခါတလေဆို ဂျစ်တူးကြတတ်တဲ့ပုံလေးပေါ့ မျက်မှန်လေးအောက်က မျက်လုံးလှလှလေးတွေက တကယ် Hyung ပေါက်စရဲ့ ဆွဲဆောင်မှုရှိတဲ့အစိတ်အပိုင်းလှလှလေးး ပြီးရင် Hyung ပေါက်စရဲ့ လက်ချောင်းသွယ်သွယ်လေးတွေ Hyung ကိုယ်တိုင်က သက်ရှိအလှတရားလေးဖြစ်နေတာ....
Hyung ကိုဘယ်ချိန် က စပြီး စိတ်ဝင်စားမိသွားလည်းမသိပေမဲ့ နှလုံးသားကို သေ့ာခက်ထားပြီးပိတ်လှောင်ထားမိတာကြာပြီဆိုပေမဲ့ Hyung ပေါက်စ အတွက်ပြန်ဖွင့်လို့ရနိုင်မလား Hyung ကို ယုံကြည်လို့ရနိုင်မလား ကျွန်တော်ထက်ပြီး နာကျင်ရမှာကြောက်ပေမဲ့ Hyung ဆီတေ့ာလာချင်မိတယ်....

What if...?Where stories live. Discover now