လူတစ်ယောက်နဲ့တယောက် ခဏခဏ အကြောင်းရင်းမဲ့ ဆုံတွေ့ခွင့်ရတာကိုရေစက်ပါတယ်လို့ခေါ်ကြတယ်နော်။အကိုတို့၂ယောက်ကကော တကယ်ပဲ ရေစက်ပါနေကြတာလား.....
---------------------
"ရေစက်တွေ ရေစက်တွေ ဘယ်ကနေဘယ်လိုတွေတောင်လဲမသိပါဘူး ရှေးရေစက်တွေလားဟေ" ဆိုပြီး Hyun Ki စနောက်ပြောဆိုတဲ့စကားမှာ Wonwoo ခဗျာ ခေါင်းလေးငုံပြီး ရှက်ပြုံးလေးပြုံးနေတယ်။Hyun Ki ပြောတဲ့စကားရဲ့အဓိပ္ပါယ်ကို သူသိနေတာကို.... အခုတလော အတန်းထဲမှာ ဘယ်လို partener ခွဲခွဲ Group ခွဲခွဲ Mingyu နဲ့ Wonwoo က အမြဲတူတူကျနေတာ တမင်စီစဥ်ထားတာလည်းမဟုတ်သလို အကုန်လုံးက ဆရာက random ခွဲပေးခြင်းသာဖြစ်သည်။ ဘယ်လို ခွဲခွဲ နောက်ဆုံးကျ သူတို့၂ယောက်သာ အတူတူဖြစ်သွားတာကြောင့် အတန်းထဲမှာလဲအမြဲလိုလိုစနောက်ခြင်းခံနေရတယ်။ ရေစက်လေးတွေဆိုပြီး..ဒီကိစ္စကို Mingyu က သိချင်မှသိမှာဆိုပေမဲ့ သူကတေ့ာ Hyun Ki ပြောပြထားလို့သိနေတယ်။
"ရေစက်တွေက အမျှဝေရင်းကုန်မလားမသိဘူးနော်" ဆိုပြီး Jun ကပါ ပါလာတေ့ာ
"မင်းတို့ကကွာတော်ပြီ ဒီတိုင်းတိုက်ဆိုင်တာနေမှာပါကွာ ရေစက်တေ့ာမဟုတ်လောက်ပါဘူး မင်းတို့ကိုကအတင်းပေးစားနေကြတာ"
"မဟုတ်ရပါ မင်းတို့ကိုက အဲ့လိုဖြစ်နေကြတာ ဒါနဲ့အခြေနေဘယ်လိုနေလဲ"
"ငါတို့အခုတလော အတန်းထဲမှာပဲစကားပြောဖြစ်တယ်ဟ အပြင်မှာမပြောဖြစ်ကြဘူး သူလည်းသူဘာသာမအားဘူးထင်ပါတယ်"
"ဒါနဲ့လေ မနေ့က Mingyu နဲ့ Byeol အတူတူရှိတယ်တဲ့"ဆိုပြီး Hyun Ki က စကားစလိုက်တယ်
"ဟမ် ဟုတ်လို့လား"
"ဟုတ်တယ် Hyung ရဲ့ မနေ့က Byeol မွေးနေ့လေ အဲ့တာ မုန့်ကျွေးချင်လို့ဆိုပြီးဖိတ်လိုက်တာတဲ့"
"အယ်..ငါတို့တောင်မသိလိုက်ပါလား မွေးနေ့ဆိုတာ"
"ကျွန်တော်တောင် မနေ့က ည မှသိရတာ Byeol က ကျွန်တော်ကို ပုံလာပြပြီးကြွားနေတာ..ကျွန်တော်တောင်ပြောလိုက်သေးတယ် ငါတို့ကိုကျမဖိတ်ဖူးနော်ဆိုပြီး အဲ့တာကိုအဲ့ကောင်က ကျွန်တော်တို့မအားဘူးထင်လို့မဖိတ်တာပါတဲ့ Mingyuနဲ့ကစကားစမိရင်းသူအားတယ်ဆိုလို့ခေါ်လိုက်တာပါဆိုပြီး ပြောတာ အလကားပါ အဲ့မွေးနေ့ပွဲမှာက သူ မိသားစုနဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေပဲရှိတာ Mingyu ကို တမင်ကိုခေါ်လိုက်တာ ဟိုကအားနာတတ်မှန်းသိတေ့ာ လုပ်တာ"
YOU ARE READING
What if...?
Fanfictionတကယ်လို့ ကျွန်တော်တို့ရဲ့မာနတွေမရှိခဲ့ရင်..... (Mingyu×Wonwoo)