1

6K 81 0
                                    

အပိုင်း ၁ : ကြွက်သားတောင့်တင်းတဲ့လူတစ်စုဆီကနေ အလိုက်ခံရခြင်း/ သူတို့ငရဲထိကျဆင်းသွားခြင်းရဲ့အစ

-----

လုရှင်း နှင့် နင်းချူးယွီတို့ အနီးနားရှိ အားကစားရုံတစ်ခုတွင် ဘတ်စကတ်ဘော ကစားနေခဲ့ကြသည်။ အားကစားရုံပိတ်ချိန်အထိ မပြန်ချင်ကြသေးဘဲ နှစ်ယောက်သားဆော့နေကြမိ၏။

သူတို့က ဘတ်စကတ်ဘော အားကစားဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် သန်မာပြီး အချိုးအစားကျသော ကြွက်သားများကို ပေါ်လွင်စေသည်။  လုရှင်းက ချောမောသောမျက်နှာရှိပြီး မိန်းကလေးတွေထက် ပိုချစ်စရာကောင်းသည့် ဖီးနစ်မျက်လုံးတစ်စုံရှိကာ နင်းချူးယွီကတော့ Sunny boy ပုံစံလေးဖြစ်ပြီး အမျိုးသမီးများအား ထိုမက်မွန်ပွင့်မျက်လုံးလေးတစ်စုံဖြင့် ရူးသွပ်သွားစေနိုင်လေသည်။

သူတို့နှစ်ဦးက အတူတူ ရယ်မောလိုက်ကြပြီး ကျောင်းသို့သွားမည့် နောက်ဆုံးရထားအမှီ မြေအောက်ရထားလမ်းသို့ လျှောက်သွားကြတော့သည်။  ငယ်ရွယ်နုပျိုသော မျက်နှာများပေါ်၌ တောက်ပသော အပြုံးများ ရှိနေသည်ပင်။ သူတို့ လမ်းလျှောက်လာရင်းနဲ့ မရေမတွက်နိုင်တဲ့ လူတွေက သူတို့ကို လှည့်ကြည့်မိကြကာ သူတို့နှစ်ယောက်ကတော့ အဲ့လေးစားမှုတွေကို သဘောကျစွာ စားလိုက်ကြတယ်။ [ဂုဏ်ယူနေတယ်]

နက်မှောင်သောအဝတ်အစားဝတ်ထားသော ကြွက်သားတောင့်တင်းသည့် အမျိုးသားအုပ်စုက လောဘကြီးသောမျက်လုံးများဖြင့် သူတို့နောက်မှလိုက်လာကြသည်ကိုတော့ သူတို့သတိမထားမိခဲ့ကြချေ။

လုရှင်း နှင့် နင်းချူးယွီတို့က ထူးထူးခြားခြား လူအတော်ပျက်နေသော နောက်ဆုံးရထားပေါ်သို့ လျှောက်လာရင်း စကားစမြည်ပြောနေကြတာပင်။

"ဝိုး၊ လုံးဝအလွတ်ကြီးပဲ!"

နင်းချူးယွီ က စိတ်လှုပ်ရှားစွာ အော်လိုက်မိသည်။  သူတို့ထိုင်ပြီးတာနဲ့ အနက်ရောင် ၀တ်စုံနဲ့ လူတစ်စု ဝင်လာပြီး ရထားသေးသေးလေးက ရုတ်တရပ် စည်ကားလာတော့တယ်။

လုရှင်း က အနက်ရောင် ဝတ်ထားတဲ့ လူတစ်စုကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီးမေးမိ၏။

[COMPLETED]အဖြောင့်ကောင်လေးနှစ်ယောက် [ဘာသာပြန်]Место, где живут истории. Откройте их для себя