ကျနော်ကနောင်တသိပ်မရတတ်တဲ့သူထဲပါတယ်
လုပ်ချင်တာမျိုးရှိလာပြီဆိုရင် နှစ်ခါပြန်မစဉ်းစားဘဲ လုပ်ချလိုက်ပြီးရင် အနည်းဆုံးတော့ လုပ်ချင်ရာလုပ်လိုက်ရတာပဲတန်တယ်ဆိုတဲ့စိတ်နဲ့ ဘယ်လို return ဖြစ်ဖြစ်လက်ခံကျေနပ်လိုက်တာပဲ အဲ့ဒါကိုမှ ရှား"ပါး" ရဖူးတာနှစ်ခါတော့ရှိ တခုကတော့ ပြန်ပြင်လို့မရတော့တဲ့ဟာမျိုး အဲ့တော့ ဖြစ်လဲပြီးသွားပြီ ဘာမှလဲပြန်လုပ်လို့မရတော့ဘူးဆိုတော့ အဲ့ဒါကြီးကိုပဲတစိမ့်စိမ့်ထိုင် တွေးပြီး နောင်တရလိုက် ကိုယ့်ဘာကို အပြစ်တွေတင်လိုက်နဲ့ အချိန်ကုန်မခံတော့ဘူး ကိုယ့်ကိုကိုယ်ပဲအရင်ခွင့်လွှတ်ပေးလိုက်တယ် နားလည်ပေးလိုက်တယ် နောက်ထပ်ဒါမျိုးထပ်မဖြစ်အောင် ပိုကြိုးစားနေထိုင်လိုက်တယ်
နောက်တခုကကျ ပြန်ပြင်လို့ရတာမျိုးဆိုတော့ ပြန်ပြီးပြင်ဆင်လို့ရသလောက်ထိတော့ပြန်ပြင်ယူခဲ့တယ် အကောင်းအတိုင်းတော့ပြန်မရခဲ့ဘူးပြောရမယ် အဲ့တော့ကာ အတတ်နိုင်ဆုံးနောင်တကင်းအောင်နေ မဟုတ်လို့ ရလာခဲ့ရင်လဲ အချိန်ေပးခံစားမနေဘဲ သင်ခန်းစာတခုရတယ်လို့သဘောထား လိုက်ပြီး နောက်ထပ်ဒါမျိုးမကြုံရအောင် ဘယ်လိုလုပ်ရမလဲသာတွေးပစ်လိုက်။