*0*

6.1K 16 2
                                    

ဘာလိုလိုနဲ့‌မိုးတွင်းတောင်ရောက်လာခဲ့ပြီပဲဒီနှစ်မိုးကတော့အတော်လေးကြမ်းပါတယ်အချို့မြို့တွေဆိုမိုးရွာပြီးတိုင်းရေကခါးလောက်ကိုကြီးနေတော့တာပဲ ဒီနေ့ညနေ4နာရီလောက်ကြီးကိုမှောင်မဲပြီးမိုးတွေသည်းနေပြန်ပြီ ဟိန်း‌ကတော့ပြန်မရောက်သေးတဲ့ပုံပဲ ဒီကလေးဘယ်တွေသွားနေတာလဲမသိဘူး။

ဒေါက် ဒေါက် ဒေါက်...!!

"သမီးရေ မြတ်စုရေ.....!!မြတ်စု"

"ရှင် ‌အန်တီဖြိုးရေ လာပြီလာပြီ..!!"

ကျွီ......

"ဟော အန်တီဖြိုး ဘာဖြစ်လို့လဲဟင် လာလာ အထဲဝင်ထိုင်‌လေအန်တီမိုးရေတွေလဲစိုလို့ပါလား"

"မထိုင်တော့ပါဘူးသမီးရယ် ဟိန်းထက်လေးပြန်မရောက်သေးလို့ သမီးတို့အိမ်ရောက်နေလားလို့အန်တီကလာမေးတာပါ"

"ရှင်....!ဟိန်းပြန်မရောက်သေးဘူးလား သမီးဆီကိုလဲမလာဘူးအန်တီ"

"ဟယ် ဒါဆို ဒင်းကဘယ်တွေသွားနေတာလဲမသိဘူး"

"ဖုန်းဆက်ကြည့်ပါလားအန်တီဖြိုး မိုးတွေကလဲအရမ်းရွာနေတာ ဟိန်းကအမြဲစောစောပြန်လာတဲ့သူကဒီနေ့ဘယ်လိုဖြစ်တာလဲမသိဘူးအန်တီရယ်သမီးအခုပဲဆက်ကြည့်လိုက်မယ်"

"အန်တီဆက်သေးတယ် မကိုင်ဘူးသမီး အန်တီစိတ်ပူနေလို့ရင်ထဲတောင်မအေးဘူးကွယ်"

"အန်တီရယ်စိတ်အေးအေးထားပါ ဟိန်းပြန်လာမှာပါ အခုအထဲဝင်ပြီးနားလိုက်ပါလားအန်တီ အန်တီဖျားမှာဆိုးလို့မိုးဆည်းမှပြန်ပါလား"

"အန်တီမထိုင်တော့ပါဘူးကွယ် အိမ်မှာလဲညအတွက်မီးမပျက်ခင်ထမင်းအိုးလေးတည်မလို့ အန်တီပြန်အုန်းမယ်"

"ဟုတ်ကဲ့အန်တီဂရုစိုက်သွားနော်"

"အေးဟုတ်ပြီဟုတ်ပြီသမီးလေး"

အန်တီဖြိုးကိုပြုံးပြကာအိမ်တံခါးကိုပိတ်ပြီးသော့ခတ်လိုက်သည် ဒီကလေးဘယ်တွေသွားနေတာပါလဲအမကိုစိတ်ပူအောင်မင်းကအမြဲတမ်းလုပ်နေတော့တာပဲကွယ်

ဝရံတာသို့ထွက်ကာလက်နှစ်ဖက်ကိုဘောင်ပေါ်အသာလေးတင်ပြီးမသက်ဆိုင်သူအား မြတ်စုသွယ် တရိပ်ရိပ်စိတ်ပူရင်းလှမ်းလှမ်းကြည့်နေခဲ့သည် မနေ့ကထိသူကျွန်မကိုစကားမပြောပေ ဟိန်းလေးဘာတွေစိတ်ကောက်နေတာလဲဆိုတာကျွန်မတကယ်နားမလည်တော့ပါ မြတ်စုသွယ်သူ့ကိုဆူမိအော်မိတာလဲတစ်ခွန်းစမှ မရှိ။ တစ်ဖက်သက်ကြီးစိမ်းကားနေတာ တစ်ပတ်လောက်ရှိပြီဖြစ်တယ်။ မြတ်စုဘာအမှားလုပ်ခဲ့မိလဲယခုချိန်ထိအဖြေမဖော်နိုင်ခဲ့သေးပါ။

ကျွန်မရဲ့ လူဆိုးလေးWhere stories live. Discover now