ဟိန်းထက်ရေချိုးပြီးဆင်းလာသည့်အခါတွင်မီးဖိုချောင်၌အမေနှင့်သွယ်သွယ်စကားဖောင်ဖွဲ့ကာပြောနေကြသည်ကိုလှမ်းမြင်လိုက်၏ သွယ်သွယ်ကဟိန်းကိုမြင်သည့်အခါဘာမှမဖြစ်သည့်အတိုင်းပုံမှန်ပြန်လှည့်သွားပေမယ့်ဟိန်းထက်ကတော့ဟိုနားယားသလိုလိုဒီနားယားသာလိုလိုနှင့်အမူအရာပျက်ချင်နေပြီလေ
"သားရေ လာလေ ဘယ်သွားဖို့လဲထမင်းလာစားအုန်း"
ပြန်လှည့်ထွက်မည်ဟုကြံသော်လဲအမေလှမ်းခေါ်တာကြောင့်ခြေလှမ်းများတုံ့ဆိုင်းသွား၏ ဗိုက်ကလဲဆာနေသည်မှာအမှန် သို့ပေမယ့် သွယ်သွယ်ရှိနေတာကြောင့်လဲရှက်ပြီးမဝင်ချင်ပြန်။
"ဟိုလေ အမေ....သားလေ ဗိုက်က...."
"ဘာပြန်ပြောချင်နေတာလဲငါနင့်အတွက်မီးမပျက်ခင်တောင်အမြန်ချက်ထားတာ ခုလာစား"
ဒေါ်ဖြိုးနဲ့ကျွန်တော် ဘယ်သူနိုင်၊ ဒေါ်ဖြိုးနိုင်ပဲပေါ့ ခပ်တည်တည်ဖြင့်မီးဖိုချောင်ထဲဝင်ကာပန်းကန်တစ်ချပ်အမြန်ဆွဲယူပြီးထမင်းထည့်လေသည်
"ဟဲ့ဒီကလေး ပန်းကန်တောင်အချောပြန်မဆေးတော့ဘူးလား ဘာဖြစ်နေတာတုန်း"
"ဟမ် အမေကလည်းရပါတယ် သားအဆင်ပြေတယ် ဟင်း ဘယ်မှာလဲ ဟင်း သားထည့်ပြီးအပေါ်မှာပဲသွားစားတော့မယ်"
"အဲ့ဒီ ဒယ်အိုးအနီထဲမှာ ထမင်းစားတာတောင်အခုထိပြောနေရတယ်"
ပြာယာခက်နေတဲ့ဟိန်းထက်ကိုအန်တီဖြိုးဆူနေရပြန်သည် သွယ်သွယ်တစ်ယောက်ထဲသာသိပါတယ်ဟိန်းထက်ဘာဖြစ်နေလဲဆိုတာကို။ သွယ်သွယ်အခုလာရသည်မှာလဲအဲ့ကိစ္စကြောင့်ဖြစ်ပေမယ့်အခြားအကြောင်းအရာတစ်ခုဖြင့်အန်တီဖြိုးကို ဟိန်းထက်အားချော့ဖို့ခွင့်တောင်းနေခဲ့သည်
ထမင်းပန်းကန်လေးကိုင်ပြီးရေခဲ့သေတ္တာထဲကရေအေးအေးတစ်ဗူးကိုဆွဲထုတ်ရင်းအလစ်သုတ်ပြေးတဲ့ဟိန်းထက်မှာအလွန်ကို့ရို့ကားယားနိုင်ပါသည်
"အန်တီ သမီးဟိန်းကိုသွားမေးချင်တာလေးရှိလို့ပါ"
"သမီးမောင်လေးကဘာအရူးထပြန်ပြီလဲမသိပါဘူး သမီးနဲ့ရန်ဖြစ်ထားလို့လား"
YOU ARE READING
ကျွန်မရဲ့ လူဆိုးလေး
Romanceစာတွေကြမ်းတမ်းတယ်ဖတ်ချင်မှဖတ် စိတ်ကူးနဲ့ရေးတာမို့မဖတ်ချင်ရင်ရတယ်အထွန့်တော့မတတ်သင့်။ #Myanmar #Normal