43 5 0
                                    

အပိုင်း ၁ (သေပြီးသွားတဲ့နောက် ငါ သိလာတာက သူ့ကို ချစ်မိနေတာပဲ)

“ယွမ်ရန် နင် ဘယ်လိုတောင် ဒီလောက် ရူးမိုက်ရတာလဲ ဟာ”

ကျင်းရှောင်ချောင်သည် ထန်ယွမ်ရန်၏လက်ထဲတွင်ရှိသော အိပ်ဆေးကို လုယူလိုက်သည်။

အစောကတည်းက ထန်ယွမ်ရန်၏ရည်ရွယ်ချက်ဖြစ်သည့် ကိုယ့်ကိုယ်ကို သတ်သေရန်ဆိုသည့်အခွင့်အရေး သူမတွင် မရှိလာခဲ့ပေ။ မဟုတ်လျှင် ထန်ယွမ်ရန်သည် သေဆုံးသွားနှင့်ပြီးလောက်လေပြီ။

ထန်ယွမ်ရန်သည် အဖြူအမဲဓါတ်ပုံကိုသာလျှင်ကိုင်ထားပြီး သူမ၏မျက်နှာသည် နေမကောင်းသည့်လူကဲ့သို့ ဝါကြန့်ကြန့်ဖြစ်နေသည်။ ထိုင်းမှိုင်းနေသောမျက်ဝန်းများသည် ဓါတ်ပုံပေါ်ရှိ လူအပေါ်မှာသာလျှင် အပြည့်အဝ အာရုံစိုက်ထားသည်။ သူ၏အတွေးများက မြစ်ပြင်ကဲ့သို့ဖြစ်နေပြီး ပူဆွေးလွန်းသည့် ခံစားချက်များဖြစ်နေသည်။

“အာ ယွမ်ရန် လေးနှစ်တောင် ရှိသွားပြီ၊ ကျန်းချဲ့လည်း သေပြီးသွားပြီ”

ထိုအသံကို ကြားလိုက်ရသည်။ ထန်ယွမ်ရန်၏ မျက်နှာအရောင်ဟာ ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး သနားစရာကောင်းသော မျက်နှာပင် ဖြစ်သွားသည်။ သူမသည် ဖြည်းဖြည်းချင်းသာ အသက်ရှူနေသည်။

အဖြူအမဲဓါတ်ပုံတွင်ရှိသော အမျိုးသားကိုသာလျှင်ကြည့်ရင်း လက်ချောင်း များဖြင့် ဝမ်းဗိုက်နှင့်အမျိုးသား၏မျက်နှာ အနည်းငယ်ပေါ်သာလျှင် တဖြည်းဖြည်းချင်းစီ ထိတွေ့နေသည်။ တဖြည်းဖြည်းချင်း တစ်ပုံလုံးအနှံ့ ဖြစ်သွားသည်။ နက်နက်နဲနဲအတွေးများနှင့် နာကျင်မှုများ ပြည့်နှက်နေသော မျက်လုံးမျိုးဖြစ်သည်။

“ဟုတ်တယ် သူ သေသွားခဲ့ပြီးပြီ သူ ထွက်သွားတာ လေးနှစ်ရှိပြီ” တိမ်ဝင်သွားသော ထျန်ယွမ်ရန်၏အသံထဲတွင် အနည်းငယ်တုန်ခါနေပြီး နက်နဲသည့်ခံစားချက် မျက်နှာနှင့်ဖြစ်သည်။

ကျန်းချဲ့ယူလာပေးတာ မောပန်းမှုတွေနှင့် အပြစ်တင်မှုတွေဟာ စိတ်ဓါတ်ကျ နေသော စိတ်ဝိဉာဉ်အခြေအနေရှိနေသော မျက်လုံးအိမ်ထဲတွင် ရှိနေသည်။

ချိုမြိန်စွာ ပွင့်လန်းနေသော ပန်းတစ်ပွင့်Where stories live. Discover now