အခန်း ၃

6.1K 114 2
                                    

(Unicode)
အခန်း ၃: အတိတ်ဘဝရဲ့ အိပ်မက်ဆိုးဆန်တဲ့ မင်္ဂလာဦးည 🚨

ကျိချန်းသည် လူပျိုစစ်စစ်လေးအဖြစ် အနှစ်၂ဝလုံးလုံး နေထိုင်ခဲ့လေသည်။ သူ့ဆီမှာ လိင်ကိစ္စနဲ့ ပတ်သက်လို့ ဘာအ‌တွေ့အကြုံမှ မရှိတာက သဘာဝကျပါသည်။

သူသည် မိန်းကလေး တစ်ယောက်ရဲ့ လက်ကိုတောင်မှ မကိုင်ဖူးပေ။ သူ့မိသားစုရဲ့ စီစဉ်ပေးမှုကြောင့် ရွှီယွမ်က သူ့ရဲ့ဇနီးသည် ဖြစ်လာခဲ့သည်။

မင်္ဂလာမဆောင်ခင် ၂ရက်အလိုမှာ သူ့ရဲ့ သတို့သမီးလောင်းရွှီယွမ်ကို တိတ်တိတ်လေး သွားခိုးကြည့်ခဲ့သည်။

သူ့ရဲ့ ဇနီးလောင်းက ရုပ်လည်း ချောသလို စိတ်ထားလည်း ကောင်းတာကြောင့် အနာဂါတ်မှာ သူမက ဇနီးမယားကောင်း တစ်ယောက်ရော မိခင်ကောင်း တစ်ယောက်ပါ ဖြစ်လာလိမ့်မယ်လို့ သူ ယုံကြည်ပါသည်။

သူ စုံစမ်းကြည့်ရသလောက် သူမက စာလည်း တော်ပြီး အဆင့်လည်းကောင်းတဲ့အပြင် အထက်တန်း အောင်ထားသည်။ အမှန်တကယ်တော့ ကျေးလက်ဒေသမှာ စာပေတတ်မြောက်တဲ့ မိန်းကလေးဆိုတာ အလွန်တရာမှ ရှားပါးသည်။

ကျေးလက်မှာက ကလေးတစ်ယောက်ရဲ့ အိမ်ထောင်းရေးကို ထုံးစံအတိုင်း မိဘတွေကပဲ စီစဉ်လေ့ရှိပြီး မင်္ဂလာကိစ္စကို အောင်သွယ်တော်ကနေတဆင့် စကားလမ်းကြောင်းကြသည်။ မင်္ဂလာပွဲ အထမြောက်သွားရင်တော့ နှစ်ဖက်အသိုင်းအဝိုင်းက ဝမ်းမြောက် ဝမ်းသာဖြစ်ကြသည်။

ကျိချန်းသည် အချိန်ပြည့် စစ်တပ်ထဲမှာပဲ နေလေ့ရှိသည်။ ထို့ကြောင့် သူ့မှာ တစ်စုံတစ်ယောက်နဲ့ စကားပြောဖို့ အချိန်မရှိပေ။ သူနဲ့ ရွယ်တူ ယောကျာ်းလေးတွေက အိမ်ထောင်ပြုပြီးကြတဲ့အပြင် ကလေးတွေတောင် ရှိနေကြပြီ။

ထို့ကြောင့် သူ့ရဲ့ မိဘတွေအနေနဲ့ သူ့ကို မင်္ဂလာဆောင်ပေးဖို့ အရမ်းလောနေကြတာ ဖြစ်လေသည်။ ကျိချန်းရဲ့ မိဘတွေက သူတို့ရဲ့ မြေးလေးကို ပွေ့ချီချင်နေပြီ ဖြစ်တာကြောင့် သူ့အတွက် မင်္ဂလာပွဲ စီစဉ်ပေးနေကြတာက သဘာဝကျပါသည်။

ခြေထောက်မစေ့နိုင်တော့ဘူး (ဘာသာပြန်)Where stories live. Discover now