" ဒီနေ့ မင်ဟျောင်းလေးကို ထမင်းအတူလာစားဖို့ ခေါ်ထားတာ ခဏနေ ရောက်လာတော့မယ်ထင်တယ် "ထမင်းစားခါနီး မေမေပြောလာသည့် စကားကြောင့် ထမင်းစားဖို့ပြင်နေသည့် ဟယ်ချန်း၏ လက်တို့မှာ တုံ့ကနဲ။
" ဟုတ်လား ကောင်းတာပေါ့ ငါလည်း အလုပ်တွေရှုပ်နေတာနဲ့ မင်ဟျောင်းလေးနဲ့တောင် မတွေ့ဖြစ်တာကြာပြီ "
ဖေဖေကပါ ပျော်ရွှင်စွာ ဝင်ပြောလာသည်။
ဒါဆို သူကိုကိုနှင့် တွေ့ရဦးမှာပေါ့။ မတွေ့အောင်ရှောင်ပြေးဖို့ကလည်း ထမင်းစားချိန်ကြီးဆိုတော့ ရှောင်လို့မရ။ ထမင်းမစားဘဲထွက်သွားဖို့ကျတော့လည်း ဟယ်ချန်း၏ဗိုက်က ဆာနေသည်မှာ အတိုင်းထက်အလွန်။ ကိုကို့ကို ရှောင်ဖယ်၊ ရှောင်ဖယ်လုပ်နေရင်လည်း ဖေဖေနဲ့မေမေက ရိပ်မိပြီး မေးမြန်းလာဦးမှာ။ တကယ်ပဲဘယ်လိုလုပ်ရပါ့မလဲ။
" မေမေ သားtoiletခဏသွားဦးမယ် "
" အေးအေး မြန်မြန်နော် ထမင်းစားခါနီး နင့်နှယ် "
" ဟုတ်ကဲ့ပါဗျာ "
ကြံမရသည့်အဆုံး ဟယ်ချန်းအခန်းထဲသို့သာ ပြန်လာ၍အကြံထုတ်နေမိတော့သည်။ ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။
" အာ ! "
တွေးနေရင်း ဟယ်ချန်း၏ ခေါင်းပေါ်တွင် မီးသီးလေးမီးလင်းလာတော့သည်။
ဂျယ်မင်းအိမ်သွားရင်ရနေတာပဲ။ ငယ်ငယ်တည်းက စားအိမ်၊ သောက်အိမ်လိုပဲဆိုတော့ ဟယ်ချန်းအတွက် ဘာမှပူစရာမလို။ ထို့ကြောင့် ဟယ်ချန်း ဂျယ်မင်းအိမ်ကိုသာ သွားဖို့တွေးလိုက်သည်။ ဂျယ်မင်းအိမ်ကိုသွားဖို့ဆိုရင် အိမ်ရှေ့ကိုပြန်ထွက်ရဦးမှာ။ ကိုကိုမရောက်သေးရင် ကောင်းမယ်။ မဟုတ်ရင် ကိုကိုနဲ့ ဟယ်ချန်းထိပ်တိုက်တွေ့နေရဦးမှာ။ ကိုကိုရောက်မလာခင် ဟယ်ချန်းမြန်မြန်သွားမှပါလေ။
ဟယ်ချန်းက ထိုသို့တွေးလိုက်ရင်း သူ့၏ အခန်းတံခါးကို ဖွင့်လိုက်သည်။
" အယ်... ဘယ်လိုလုပ်ပြီး... "
ဟယ်ချန်းတံခါးကိုဖွင့်လိုက်တော့ တံခါးရှေ့တွင် တံခါးခေါက်ဖို့ပြင်နေသည့် ကိုကိုနှင့်ဆုံလေ၏။ သွားပါပြီ။ ကိုကိုကရောက်နေပြီဆိုတော့ ဟယ်ချန်းရဲ့ဆုတောင်းတွေမပြည့်တော့ဘူးပေါ့။ ဒီနေ့တော့ ဆာနေတဲ့ဗိုက်လေးကို ဘယ်လိုဖြည့်ရပါ့မလဲပဲ။
YOU ARE READING
I'm Not A Baby Anymore
Fanfictionကျွန်တော်တကယ် ကလေးမဟုတ်တော့ဘူး။ ကိုကို့ကောင်လေးတောင် လုပ်လို့ရနေပြီသိရဲ့လား။ !!