03

113 18 12
                                    

မင်ဟျောင်းနှင့် ဟယ်ချန်းအဆက်အသွယ် မလုပ်ဖြစ်သည်မှာ တစ်ပတ်ခန့်ပင်ရှိနေလေပြီ။ ပုံမှန်ထက် အလုပ်ပိုများနေသည့် မင်ဟျောင်းကလည်း မဆက်သွယ်ဖြစ်သလို ဟယ်ချန်းကလည်း မင်ဟျောင်းဆီသို့ ဆက်သွယ်မလာပါ။

အလကား ကလေးပါကွာ။ ပြောတော့ဖြင့် ကိုကိုစိတ်ဆိုးပြေတဲ့အထိ ရှင်းပြမှာလေး ဘာလေးနဲ့။ ကိုယ့်ဘက်က မဆက်သွယ်ဆို သူ့ဘက်ကလည်း ဆက်သွယ်မလာတော့ဘူး။ အဲဒါကြောင့် ကလေးတွေ မယုံရဘူးလို့ပြောတာ။ မင်ဟျောင်းကို ဒီလိုမျိုးတော့ လာလုပ်လို့ ဘယ်ရပါ့မလဲ။ ဟယ်ချန်းကို ကောင်းကောင်းကို ပညာပြလိုက်ဦးမယ်။

အဲ့လိုတွေးလိုက်ပေမယ့်လည်း ဟယ်ချန်းက ကလေးမလား။ အဲ့တော့ မနေနိုင်တဲ့ ကိုယ့်ဘက်ကပဲ အရင်ဆက်သွယ်ရမှာပေါ့လေ အဟင်း။

ဟယ်ချန်းဆီ ဆက်သွယ်ဖို့ဆုံးဖြတ်လိုက်တာကြောင့် မင်ဟျောင်းဘက်ကပဲ အရင်ဖုန်းခေါ်လိုက်သည်။

ဖုန်းခေါ်လိုက်တာနှင့် ချက်ချင်းပင်ကိုင်လိုက်သည့် ဟယ်ချန်းက မင်ဟျောင်းဆီမှ ဖုန်းကို မျှော်နေပုံရသည်။ ဟယ်ချန်းဘက်က ဖုန်းကိုင်လိုက်တာကြောင့် မင်ဟျောင်းစကားစလိုက်တော့၏။

" ကလေးလေး ဘာလုပ်နေလဲ "

[ ကိုကို့ကို လွမ်းနေတာ ]


" အပိုတွေပါကွာ လွမ်းတယ်ဆိုပြီး အဆက်အသွယ်ကျမလုပ်ဘဲနဲ့ "

[ တကယ်လွမ်းနေတာပါ အဆက်အသွယ်မလုပ်ဘူးဆိုတာက ကျွန်တော်ဆက်သွယ်လိုက်ရင် ကိုကိုစိတ်ရှုပ်သွားမှာစိုးလို့ မဆက်သွယ်တာ ]

" ဟင်းးး အပြောကတော့နော် "

[ တကယ်ပါဆိုနော် ကိုကိုကလည်း ]

" ဟုတ်ပါပြီဗျာ "

[ ကိုကို ကျွန်တော့်ကို စိတ်ဆိုးပြေပြီလားဟင် ]

ဟယ်ချန်းက အရဲစွန့်၍ မင်ဟျောင်းအား မေးလိုက်သည်။

" အင်း ကိုကိုတောင်းပန်ပါတယ် အဲ့နေ့က ကလေးလေးကို ကိုကိုအော်လိုက်မိတယ်ထင်တယ် "

[ ကျွန်တော်လည်း တောင်းပန်ပါတယ် ကိုကိုစိတ်ဆိုးအောင်လုပ်မိလို့ အဲ့နေ့က ကျွန်တော်နဲ့စကားပြောနေတာ ဂျယ်မင်းရဲ့အစ်ကိုဝမ်းကွဲလေ ပြီးတော့ သူက.... အစ်ကိုထယ်ယုံးရဲ့ ချစ်သူ ]

I'm Not A Baby Anymore Where stories live. Discover now