(1)

144 21 3
                                    

(Unicode)

" ရှုပ်ပွနေလိုက်တာ "
ဂျယ်မင်း သူ့အခန်းကိုကြည့်ပြီးရေရွတ်လိုက်တယ်။

" မရှင်းနိုင်တော့ဘူး မောသေမှာဘဲ "
ဖွတုန်းကတော့ သူဘဲဖွတာဘဲ အခုတော့ မသိမ်းချင်တော့
ဘူး။ သူ့ကိုယ်စား သူ့အိမ်သန့်ရှင်းရေးကိုတခြားလူလာလုပ်
ပေးရင်ကောင်းမှာဘဲဆိုပြီးတွေးလိုက်မိတယ်။

ဂျယ်မင်းက တက္ကသိုလ်ကျောင်းသားလေးဖြစ်ပြီး
ကိုရီးယားရဲ့ထိပ်ဆုံးဝင် တက္ကသိုလ်ကျောင်းမှာ ကျောင်း
တတ်နေတဲ့ကောင်လေး၊ ဂျယ်မင်းက Seoul မှာနေတာမဟုတ်လို့ကျောင်းဆောင်နေမယ်လို့ဆုံးဖြတ်ထားပင်မဲ့
သူရဲ့ပုံစံနဲ့ အခန်းဖော်တွေနဲ့အဆင်မပြေဘူးထင်လို့
One Room ဘဲဌားနေဖြစ်လိုက်တယ်။

အိမ်ရှင် အဘိုးနဲ့အဘွားကလည်းသဘောကောင်းသူမလို့
စပေါ်လည်းမယူဘဲ အိမ်ဌားခကိုလည်း လချုပ်နဲ့ဘဲဌားပေး
ခဲ့တယ်။ ဂျယ်မင်း နေတာ ထိုင်တာအကုန်အဆင်ပြေပင်မဲ့
သူနေတဲ့အိမ်က သူ့ကျောင်းရယ်နဲ့ အချိန်ပိုင်းရယ်နဲ့ဝေးနေ
တာပင်။ ကျောင်းလခက Scholarship ရထားလို့ငွေအရမ်း
မကုန်ဘူးဘဲပြောပြော အိမ်ဌားခ၊ကုန်ကျစရိတ်တွေ
အတွက်တော့ အချိန်ပိုင်းအလုပ်ကအသင့်တော်ဆုံးဘဲ။

ဂျယ်မင်းက ကံကောင်းတဲ့ထဲပါတယ်ဘဲပြောရမလား၊
အိမ်ရှင်တွေကလည်းသဘောကောင်းသလို သူအချိန်ပိုင်း
လုပ်တဲ့အလုပ်ရှင်တွေကလည်းသူ့ကိုချစ်လိုက်ကြတာမှ
သည်းသည်းလှုပ်။ အလုပ်က Cafe shop ဖြစ်တာကြောင့်
ပြန်ရင်သူစားဖို့မုန့်တွေအများကြီးထည့်ထည့်ပေးလိုက်
သေးတယ်။ဂျယ်မင်းကတကယ်ကိုလူချစ်လူခင်များ
တယ်ဆိုပင်မဲ့အဲ့တာကလည်းလူကြီးတွေနဲ့မှ လူငယ်တွေကြားမှာဆိုရင်သူကတကယ်ကိုဘုကလန့်သမား။

ဂျယ်မင်းကကျောင်းမှာစာတော်တဲ့ထဲပါသည်၊ရုပ်ရည်က
လည်းတကယ့်ကို Idol Visual မျိုး။ Casting လုပ်ဖို့
ခဏခဏကမ်းလှမ်းခံရပင်မဲ့ သူ့ဘက်ကဝါသနာလုံးဝ
မပါတာကြောင့်လုံးဝကိုငြင်းခဲ့သည်။ဂျယ်မင်းကကျောင်း
မှာဆိုလည်းတစ်ယောက်တည်းဘဲနေတတ်ပြီးဘယ်သူနဲ့
မှလည်းစကားမပြောပေ။ သူ့ကို အခန်းထဲကလူတွေက
စကားမပြောလွန်းလို့ စကားမပြောတတ်တဲ့ထိကိုထင်နေ
ကြတာပင်။

"Dear J"Where stories live. Discover now