(3)

57 13 1
                                    

(Unicode)

ဝါးးး၊အီဟယ်ချန်းက ဒီနေ့ကျောင်းပျက်တယ်တဲ့လား။
ငါ့နှယ်၊ တကယ်ကို တိုက်ဆိုင်လွန်းတာဘဲ။
ငါသူတို့စာပို့မှန်းရိပ်မိနေတာကိုမသိသာအောင်နေရမယ်
ဒါမှ အမိဖမ်းလို့ရနိုင်မှာမလား?

ဂျယ်မင်းတရားခံဖမ်းမယ်ဆိုမှအီဟယ်ချန်းကနေမကောင်း
တာကြောင့်တစ်ပတ်နားတယ်တဲ့။ ပြီးတော့သူ့ဆိုင်ကို
စာလာပေးနေကြသူကလည်းလာမပေးတော့ဘူး။ အဲ့အစား
စာတွေကတော့နေ့တိုင်းရောက်ဆဲဘဲ။ ကျောင်းနဲ့အလုပ်မှာ
မဟုတ်ဘဲ နေ့တိုင်းအိမ်မှာ။ ဒါဆိုဟို Eyes Smile ကဘဲ
Active ဖြစ်နေတာပေါ့။

အဲ့တာနဲ့တင်အရမ်းသိသာနေပြီမလား?ဒါမဲ့ဒီထက်ပိုပြီး
သက်သေလိုချင်သေးတယ်။အမိအရကိုပြောနိုင်တဲ့အထိ။

" ဂျယ်မင်း "

၅ရက်နေ့ပြည့်တော့ အီဟယ်ချန်းရောက်ချလာပါပြီ။

" မင်းငါ့ကိုသတိရနေတာလား "

ဟုတ်တယ်။သတိရလွန်းလို့သတ်ချင်နေတာ။

"မင်းငါ့ဆီကစာကူးမလား"

"နိုး စာကူးတာဝါသနာမပါဘူး"

ဒီောက်ကောင်ကအခုကျငြင်းတယ်။အရင်ကကျအမြဲ
အဆင်ပြေတယ်ပြောနေတဲ့သူက။

"ဂျယ်မင်း၊မနက်ဖန်ကျရင် Majors ဆွေးနွေးပွဲရှိတာ
တတ်မှာမလား ငါနဲ့အတူ"

တခြားထက် မေဂျာဆွေးနွေးဖြစ်တာရယ် EC ကိုယ်တိုင်
လာခေါ်တာကြောင့်ခေါင်းညိတ်လိုက်သည်။

" တကယ်ဘဲ သူလည်းပေါ်မလာဘူးဘဲ "

ဆိုင်ပိတ်ခါနီး ဂျယ်မင်းဆိုင်နောက်မှာသိမ်းစရာရှိတာတွေ
သိမ်းနေခဲ့သည်။ " ဒါဘယ်သူ့ဟာလဲ"

" အယ် ! အခုနက Customer ကျန်ခဲ့တာထင်တယ်ညီမ
ဆက်သွယ်ပြီးပြန်ပေးလိုက်ပါ့မယ် "

ဂျယ်မင်းက File လေးအပေါ်မှာရေးထားတဲ့စာကိုဖတ်
ကြည့်တော့ သူတို့ Part Time နားက ကုမ္ပဏီတစ်ခုဘဲ။

" ရတယ်အကိုအဲ့Companyရှေ့ကနေပြန်ရမှာအခုပြန်ရင်း
ပေးလိုက်မယ်"

"ဟုတ်အဲ့လိုဆိုကျေးဇူးပါ"

ဂျယ်မင်း ထို Company ရှေ့ရောက်တော့သူ့ကိုစာအိတ်
လာပို့တဲ့ကောင်လေးကိုတွေ့လိုက်သည်။

"Dear J"Where stories live. Discover now