(4)

75 18 2
                                    

(Unicode)

Jeno's Pov

" ပျင်းလိုက်တာ အီဂျဲနိုရာ " အီဟယ်ချန်းတစ်ယောက်
သူ့အိမ်မှာသူမအိပ်ဘဲ ဂျဲနိုရဲ့ အိပ်ယာဆီလာပြီးပိုင်စိုးပိုင်နင်းနဲ့ လာအိပ်နေသည်။

" မင်းမှာအိမ်မရှိဘူးလား "

" ရှိပင်မဲ့ မင်းကိုစိတ်ဒုက္ခပေးချင်လို့လေ "
တကယ်ကို ငယ်ငယ်ကတည်းက စိတ်ဒုက္ခပေးတဲ့သူ။
ဟယ်ချန်းနဲ့ကငယ်ငယ်ကတည်းကရင်းနှီးလာပြီးမိဘချင်း
တွေကလည်းရင်းနှီးကြသည်။

" အကိုမင်ဟျောင်းရော! "

" သူ့အခန်းမှာသူရှိမှာပေါ့ "

ဟယ်ချန်းက သူ့အကိုမင်ဟျောင်းနဲ့သူနဲ့ဆိုရင်မင်ဟျောင်း
ကိုပိုပြီးချစ်သည်။အမြဲတမ်း ဟျောင်း ဟျောင်းဆိုပြီး
လိုက်ကပ်နေတာ ဒါကိုလည်းအီမင်ဟျောင်းကလည်း
ဘာမှမပြောဘူး။တကယ်ဘဲပေးစားလိုက်ချင်တယ်သူတို့
နှစ်ယောက်ကို။

" ဘယ်လဲ "

" ဘယ်သွားသွား "

ဟယ်ချန်းကိုအခန်းထဲမှာထားခဲ့ပြီးအပြင်ကိုထွက်လာခဲ့
သည်။ " ဟျောင်း ဟယ်ချန်းနီး တစ်ယောက်တည်းအခန်း
ထဲမှာမလို့အဖော်လုပ်ပေးလိုက်ပါအုံး"

သူ့အကိုမင်ဟျောင်းနဲ့ဟယ်ချန်းကိုတူတူထားခဲ့လိုက်ပြီး
အိမ်နားက Cafe ဆိုင်ဆီကိုထွက်လာခဲ့သည်။

" Iced Latte လေးပေးပါ "

လှလိုက်တာ။ တကယ်ကိုချစ်စရာကောင်းတဲ့ယုန်လေးဘဲ။
ဒီဆိုင်ကိုဘာလို့အခုမှဝင်မိရတာပါလိမ့်။
တကယ်ကို Falling In Love နေပြီဘဲ။

ဆိုင်မှာဘဲသူ့ကိုထိုင်ကြည့်နေရင်ကောင်းမလား?
ဂျဲနိုကဘေးတွေကိုကြည့်လိုက်တော့တကယ်ကို
မိန်းကလေးတွေချည်းထိုင်နေကြတာ။
အဲ့လောက်ချစ်စရာကောင်းနေမှတော့ဆိုင်လည်းလူစည်
ရောပေါ့။သဝန်တိုလိုက်တာ...

ဒုန်းး။

" အမယ်လေး မြေမြိုတာလား အလို! လန့်လိုက်တာကွာ"

" ဘာဖြစ်လာတာလဲ နိုနို "

ဂျဲနိုတစ်ယောက်အိမ်ပြန်တဲ့အချိန်ထိမျက်နှာကြီးနီပြီး
သဝန်တွေတိုနေဆဲ။

"Dear J"Where stories live. Discover now