🤚Chapter 95
ဝမ်ယွီက လမ်းလျှောက်လာပြီး ကျောင်းချန်ကို ဆောင့်ဆွဲရင်းမေးသည်။
"ဒီနေ့ကိစ္စ ဘာလို့ဖြစ်တာလဲ သိလား..."
ကျောင်းချန်က မြေပြင်ပေါ်တွင် လဲနေပြီး သူ့အသံက တုန်ယင်နေလျက် ပြန်ဖြေသည်။
“ကျွန်တော် သိပါတယ်...”
"ဒါပဲ ငါကြားဖို့လိုတာ..."
ဝမ်ယွီက သူ့စကားများကို ချန်ထားခဲ့လိုက်သည်။
"နောက်ကျ မင်းသူ့ကိုတွေ့ရင် ခပ်ဝေးဝေးနေ... သူနဲ့ ဆယ်မီတာအကွာကိုရောက်အောင် နေရဲရင် မင်းအမေတောင် မမှတ်မိတော့တဲ့အထိ ငါထိုးပစ်မယ်..."
ကျောင်းချန်က မျက်ရည်များဝဲကာ နားလည်ကြောင်း ပြသသည်။
ဘယ်လို ငကြောက်လဲကွ...
လီဟေးက စိတ်လှုပ်ရှားမှုကို ရှာဖွေနေ၍ သူ့ဆန္ဒမပြည့်သောကြောင့် မကျေမနပ်ဖြစ်သွားသည်။
“ပျင်းစရာကြီး... အခုတော့ ငါတို့ကို စိန်ခေါ်ချင်တဲ့သူတစ်ယောက်တောင် ရှာမတွေ့တော့ဘူး... စိတ်ဝင်စားစရာမကောင်းတော့ဘူးကွာ..."တစ်ချိန်က သူနှင့် ငြင်းခုံခဲ့ဖူးကာ သူ့အာရုံကို ဆန့်ကျင်ပြီး ပြိုင်ဆိုင်ခဲ့ကြသည့် လူများက ယခုအခါ သူကဲ့သို့ပင် ရင့်ကျက်လာကြသည်။ သူတို့က ဤကိစ္စများတွင် မပါဝင်နိုင်ကြတော့ပေ။
ဖုန်းကျင်းဟိုင်လည်း သက်ပြင်းချလိုက်သည်။
"ရှောင်ယွီကိုကြည့်လိုက်တော့ ဟိုအတိတ်တုန်းက ငါဘယ်လောက်ဆိုးသွမ်း နေလဲဆိုတာကို နားလည်လာတယ်..."
ဝမ်ယွီက ဘေးသို့စောင်ငဲ့ကြည့်သည်။
" လူအိုကြီးလို လုပ်မနေစမ်းနဲ့... အိမ်ပြန်ပြီး wolf berriesသာ သွားဖျော်သောက်လိုက်တော့..."
"ဖျော်သောက်ရုံအပြင် ဘာအသုံးကျလို့လဲ... အရက်ပဲ ပြန်သွားသောက်ရအောင်..."
ချန်းဟောင်ရန်က ပြောသည်။
"ဘယ်မှမသွားတော့ဘူး... ငါအိမ်ပြန်ဖို့လိုတယ်..."
ဝမ်ယွီက ချက်ချင်း ငြင်းလိုက်သည်။
ကျိအန်းနဉ်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားချိန်တွင် သူ့ကို စိုးရိမ်နေကြောင်းပြနေသည်။ အခုကိစ္စအားလုံးပြီး၍ အိမ်အမြန်ပြန်မှသာ သူမကိုစိုးရိမ်နေရခြင်း သက်သာစေမည်။