*Hyunlix otp only*
*Song recommend : Daylight by Taylor Swift, I also included some lyrics from this song!*
⛅Unicode⛅
"မင်းကိုတွေ့ပြီးကတည်းက မင်းကလွဲပြီး တခြားဘယ်အရာကိုမှ မကြည့်ချင်တော့ဘူး။
မင်းကိုတွေ့ပြီးကတည်းက မင်းကလွဲပြီး တခြားဘယ်အရာကိုမှ မစဉ်းစားချင်တော့ဘူး..... မင်းကသာငါ့ဘဝရဲ့မနက်ခင်းရောင်ခြည်လေးမို့လို့....."~~~~~~~~~~~~~~~~~~~~~~~
*Hyunjin's POV*
ဘဝတစ်လျှောက်လုံးမှာ ဖြတ်သန်းခဲ့သလိုမျိုးပဲ နောက်ထပ်သောမနက်ခင်းတစ်ခုကို ထပ်ရောက်လာပြန်သည်။သို့ပေမယ့် အခါတိုင်းနဲ့မတူတာက အခုဆိုရင်သူချစ်ရတဲ့သူလေးက သူ့ကိုပြန်ချစ်လာပြီမို့လို့ ဒီနေ့မနက်ထပ်ပြီးနိုးထလာရတာက ပုံမှန်လိုမျိုးစိတ်ရှုပ်စရာကောင်းမနေပဲ သူနဲ့မတူလောက်အောင်ကို စိတ်အလုံးစုံကြည်လင်နေလေသည်။ထိုကောင်လေးကိုစတွေ့ခဲ့ကတည်းက ထိုကောင်လေးဆီကနေအကြည့်မခွာနိုင်ခဲ့ပဲ တစ်နေကုန်လည်းထိုကောင်လေးအကြောင်းပဲ အမြဲလိုလို၊လိုက်တွေးနေခဲ့မိသည်။စစချင်းတုန်းကတော့ သူလည်းယောကျာ်းလေး၊ ကိုယ်လည်းယောကျာ်းလေးဖြစ်နေတာကြောင့် ဒီတိုင်းသူငယ်ချင်းလိုခင်ချင်မိတာလို့ တွေးခဲ့မိပေသော်ငြားလည်း တဖြေးဖြေးနဲ့ နေ့တွေလတွေကုန်လွန်လာချိန်မှာတော့ သူ့နှလုံးသားတစ်နေရာရာမှာ အမည်မသိခံစားချက်တွေရှိနေခဲ့တယ်ဆိုတာကို သိခဲ့ရလေသည်။ထိုအမည်မသိခံစားချက်တွေက သူငယ်ချင်းထက်ပိုတယ်ဆိုတာလည်း သူသိခဲ့ပေမယ့် သူကိုယ်တိုင်တောင် အဖြေထုတ်၍မရခဲ့သေးပေ။
သူ့ရဲ့ခံစားချက်တွေကိုသေချာလာအောင်လို့ ထိုကောင်လေးနဲ့အရင်ဆုံး သူငယ်ချင်းအဆင့်အထိရောက်နိုင်အောင် ချဉ်းကပ်ခဲ့ပြီး နောက်ထပ်နေ့တွေလတွေထပ်ကုန်လွန်ခဲ့ရပြန်သည်။သို့ပေမယ့် ထိုအချိန်တွေမှာ ထိုကောင်လေးကသူ့ကိုသူငယ်ချင်းအဖြစ်အတော့်ကို ခင်တွယ်နေခဲ့ပြီဖြစ်ပေမယ့် သူကတော့သူငယ်ချင်းအနေနဲ့ပဲ ခင်တွယ်မိခဲ့တာမဟုတ်ပဲ သူ့ရဲ့အမည်မသိခံစားချက်တွေက တဖြေးဖြေးနှင့်ရုပ်လုံးပေါ်လာနေပြီဖြစ်သည်။