Part 3

1 0 0
                                    

အပိုင်း ၃

ခွန်းသန့်မောင်သည် ၁၀တန်းကို ၆ဘာသာနှင့်အောင်မြင်ခဲ့ပြီးနောက် ဆေးတက္ကသိုလ် တတ်ခဲ့သည်။ ခွန်းသန့်‌မောင် မွေးနေ့တွင် မိဘများက အိမ်၌ ဘုန်းကြီးများဖိတ်ကာ ဆွမ်းကပ်သည်။ ကိုမုန်းမာန်သည် အဒေါ်ဖြစ်သူများနှင့်အတူ အိမ်သို့ရောက်လာသည်။ အစ်ကို့ဘေး၌ မြန်မာဝတ်စုံကို ခေတ်ဆန်စွာ ဝတ်ဆင်ထားသည့် မိန်းမလှလေး တစ်ယောက်ပါလာသည်။ ထိုသူသည် ဓာတ်ပုံထဲ၌သူ မြင်ဖူးခဲ့သော မမဖြူဖြစ်သည်။ ဖြူသည် မုန်းမာန်ထက် ရုပ်ရင့်သည်ဟုထင်ရသည်။ လုံးလုံးမျှ မုန်းမာန်နှင့် လိုက်သည်ဟု၍ မထင်မိပေ။ ဖြူသည် ခွန်းသန့်မောင်ကို မြင်တော့ မျက်နှာမဲ့သွားသည်။ ခွန်းသန့်မောင်သည် ဖြူဖွေးနုရွကာ ချစ်စရာကောင်းနေသောကြောင့် ထိုအခြေအနေကို သူရိပ်မိနေပုံရသည်။

ဖြူသည် ခေတ်လူငယ်တစ်ယောက်ဖြစ်သောကြောင့် ချစ်စရာကောင်းသော ညီငယ်လေးနှင့် သွေးမတော်သားမစပ် အစ်ကိုတစ်ယောက် အကြောင်းရိပ်မိနေသည်။ တွေ့ဆုံတိုင်း ခွန်းသန့်မောင်အကြောင်းသာပြောနေတတ်ပြီး ညီဖြစ်သူအပေါ်၌ လိုတာထက်ပို၍ ဂရုစိုက်မှုများကိုသူသိနေခဲ့သည်။

ခွန်းသန့်မောင်သည် မမဖြူ သူမွေးနေ့ပွဲ လိုက်လာရသည့် အကြောင်းကို သူသိနေသည်။ အစ်ကို့ညာဘက်တွင်ရှိသော မိန်းကလေးသည် နက်မှောင်သာ ကေသာကို အကောက်ကြီးများကောက်ကာချထားသည်။ ဘယ်ဘက်နားပေါ်မှ ဆံပင်အချို့ကို သိမ်းကာ နှင်းဆီပန်းပုံ ကလပ်ကိုတွယ်ထားသည်။ လုပသော ခန္ဓာကိုယ်ကို ပေါ်လွင်စေရန် ခါးတို ရင်ဖုံး အဝါကိုဝတ်ဆင်၍ အနက်ခံပေါ်တွင် အဝါ‌ရောင်ဖောက်ထားသော ချိတ်လိုင်းကြီး လုံချည်ကို အထပ်ဆင်ပေါ်အောင်ဝတ်ထားသည်။ ထိုအမျိုးသမီး၏ လက်တစ်ဖက်သည် အစ်ကို့ ညာဘက်လက်ကို ဆုတ်ကိုင်ထားသည်။ အစ်ကိုကတော့ ကကျွန်တော်တို့ကို ရှာနေပုံသည်။ ထိုအမျိုးသမီးသည် မုန်းမာန်က အတင်းခေါ်၍ လိုက်လာခဲ့သည်တော့ မဖြစ်နိုင်ပေ။ သို့သော်လည်း ခွန်းသည် မမဖြူနားသို့ ကပ်၍

"မမဖြူ ကျက်သရေရှိလိုက်တာ။ ကိုမုန်းမာန် မမကိုရထားတာ အရမ်းကံကောင်းတာပဲ"

"မောင်လေးကလည်း အစ်ကိုပြောထားသလို ချစ်စရာလေးပဲ။ မောင်လေး ဆေးကျောင်း ဝင်ခွင့်ရတယ်ဆို။ဆရာဝန်လေးဖြစ်တော့မှာပေါ့"

ခွန်းသန့်မောင်သည် သူအစ်ကို အပေါ် ချစ်မိနေသည်ကို လုံးဝမသိသာစေရန် အပြုံးတို့ဖြင့်သာ နှုတ်ဆက်ခဲ့သည်။ သူ ကိုမုန်းမာန် အပေါ်ထားရှိသော အချစ်သည် ယောက်ျားချင်းဖြစ်သော်လည်း အချစ်စစ်ဖြစ်သည်ဟုသာ ခံယူထားသည်။ ကိုမုန်းမာန်က သူချစ်နေမှန်းသိလို့ သူ့ကို ပြန်ချစ်လာစရာ အကြောင်းဘာမျှမရှိပေ။သူကိုမုန်းမာန်ကို ပျော်ရွှင်စေချင်တယ်။ သူကြောင့် စိတ်မထိခိုက်စေချင်ဘူး။

မွေးနေ့ကိတ်ခွဲသောအခါ သူကိုမုန်းမာန်ကို ခွံကျွေးချင်သော်လည်း မကျွေးခဲ့ပေ။ မမဖြူသည် ကိုမုန်းမာန် လက်မောင်းကို မဖြုတ်တမ်း ဖက်တွယ်ထားသည်။ သူအချစ်တို့က မဖြစ်နိုင်တော့လည်း ပျော်ရွှင်နေသော သူတို့နှစ်ဦးကို ပြုံး၍သာ ကြည့်နေမိ လိုက်တော့သည်။

ညရောက်တော့ခွန်းသန့်မောင်သည် ခေါင်းအုံးပေါ်၌ ခံစားချက်များကို ရင်ဖွင့်၍ငိုချလိုက်မိတော့သည်။

ထာဝရအတွက်ချစ်​နေပါရ​စေWhere stories live. Discover now