Part 1

413 42 3
                                    

Unicode

Kim Taehyungဆိုတဲ့အသက်13နှစ်အရွယ်ကောင်လေးကအသက်နဲ့မလိုက်အောင်မိထွေးဖြစ်သူနဲ့မယားပါသမီးဖြစ်သူရဲ့နှိတ်ဆက်ချင်းကိုခံရရှာသည်။

Taehyung၏အဖေကတော့ဘာရောဂါမှန်းမသိတဲ့ရောဂါကြောင့်လူ့ပြည်မှာမရှိလေတော့ပါဘူးတစ်ကောင်ကြွက်ဖြစ်ရင်တောင်တော်ပါအုံးမယ်ခုတော့မိထွေးရဲ့သမီးကသူ့ကိုတောက်တိုမယ်ရခိုင်းလိုက်မိထွေးကအချိန်ပိုင်းအလုပ်ခိုင်းလိုက်နဲ့ဆိုတော့သူ့ဖြစ်ချင်သောဆရာဝန်မဖြစ်နိုင်တော့ဘူးပေါ့။

Taehyungမှောင်တွေတွေဖြစ်နေတာ သူမမျက်လုံးထဲမြင်ရတာကျက်သရေမရှိနေတာမို့ဖိနပ်စင်က‌ဖိနပ်တစ်ရံယူလိုက်ပြီးကြမ်းပြင်ပေါ်ပြစ်ချလိုက်သည်

"ဟဲ့ဟိုကောင်လာခဲ့စမ်း"

"ဟုတ်ကဲ့ မမ"

Taehyungချက်ချင်းဆိုသလိုအပြေးလေးအမဖြစ်သူနားသွားလိုက်သည်

"ရော့ငါ့ကိုဒီဖိနပ်ဝတ်ပေး"

"ဟုတ်ကဲ့ မမ"

တီ...တီ

"ငါ့ကိုကို လာပြီဘဲသွားတော့မယ်"

Kim Annaကအလျှင်လိုနေတာမို့ Taehyungမှာဖိနပ်ကြိုးကိုခပ်မြန်မြန်ဝတ်ပေးလိုက်ရသည်

"ဟဲ့ နင့်လက်ကဘာဖြစ်နေတာလည်း ဒါလေးဝတ်တာမပြီးတော့ဘူး"

"ပြီးပါပြီ မမ"

AnnaကTaehyungကိုမတူမတန်သလိုတစ်ချက်ကြည့်ရင်းထထွက်သွားသည်

"အာ့"

AnnaကTaehyungခြေထောက်ကိုတက်နင်းသွားခြင်းသာ

"ဟယ့်Kim Taehyungလာစမ်း"

Taehyungနာကျင်နေသည့်လက်ကို လစ်လျူရှုလိုက်ရင်း မိထွေးဖြစ်သူအနားသွားရပ်လိုက်သည်။

"ဟုတ်ကဲ့ တီတီ"

"ငါနင့်ကိုခိုင်းစရာရှိတယ် ဒီညအတွက်အလုပ်လုပ်ရမယ့်ဘားရှာထားတယ် ဒီမှာလိပ်စာ နင်ဘာသာမရောက်ရောက်အောင်ရှာပြီးသွားလိုက် ပိုက်ဆံရရင်ငါ့ကိုအကုန်ပြန်အပ်နော် Taehyung တစ်ပြားမှသုံးဖို့မကြံနဲ့"

"ဟုတ်ကဲ့ တီတီ"

Taehyung ရိုရိုကျိုးကျိုးလေးလိပ်စာကပ်အားလက်နှစ်ဖက်ဖြင့်ယူလိုက်သည်၊ မမတက်နင်းသွားတာကြောင့် သူ့လက်ကအတော်လေးနာနေပေမယ့်အထွန့်မတက်မိ ဒါပထမဆုံးအကြိမ်မှမဟုတ်တာဘဲ သူ့ကိုသူလည်းအသက်၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်လို့မခံစားမိ အလုပ်လုပ်မှတီတီကထမင်းကျွေးမှာလေ သူကြောက်လန့်နေလို့မဖြစ်ဘူးမလား။

𝗗𝗮𝗱𝗱𝘆 𝗝𝗲𝗼𝗻 [Rewriting]Where stories live. Discover now