Deja Vu

90 15 0
                                    

2022/7/22

Jeonghan အဆုံးမစီရင်ခင် 2လ အလို ..

ကျွန်တော် ဂျိုရှုအာ့ကို 2018 နှစ်စ ကတည်းကကြိုက်ခဲ့တာ ခုဆိုရင် 6 နှစ်နီးပါးရှိပြီပေါ့‌ဗျာ အဲ့အတောအတွင်း ရှူအာကလည်း ကျွန်တော့်ကို ဆက်ဆံပုံတွေမှာ တစ်ခါတစ်လေ သူငယ်ချင်း တွေထက်ပိုတယ် ထင်ရပေမယ့် အေးတိအေးစက်နဲ့ ဆက်ဆံသည်။

ရှုအာ အဲ့လိုဆက်ဆံတာ ခံရတိုင်း ကျွန်တော် ဝမ်းနည်းမိပါသည်။

ဂျိုရှုအာကို ကျွန်တော် ဖွင့်ပြောမိတဲ့နေ့ 2019/1/1 လပိုင်းမှာ ဂျိုရှုအာက "သူငယ်ချင်း" ဆို‌တဲ့ ခေါင်းစဉ်အောက်က ထွက်သွားဖို့ သူ အရမ်းကြောက်တယ် ပြောလာသည်။

တိုက်တိုက်ဆိုင်ဆိုင် သူက သူငယ်ချင်းဆက်ဆံ‌ရေးကို ‌အရောင်ဆိုးရမှာကို သိပ်မုန်းပါတယ်တဲ့လေ

ဒီကံဆိုးမှုက ဘာလို့ ကျွန်တော့်မှာလာဖြစ်နေမှန်းတော့ မသိပါဘူး ဒါပေမဲ့ ခုကတော့ ဂျိုရှုအာက ကျွန်တော့်ရဲ့ သူငယ်ချင်းပါပဲ။

2022/9/18

"ring ring"

ဖုန်းလာလို့ ဖုန်း ကိုကြည့်မိတော့ "shua 💕🍨" လို့မှတ်ထားတာကြောင့် နှုတ်ခမ်းပင့်ရုံပြုံးပြီး ကိုင်လိုက်သည်။

"ရှူအာ ပြောလေ"

"အာ အင်း တွေ့ကြမလား"

"အွန်းး လာခဲ့မယ်"

///

Cafe ဆိုင် တစ်ဆိုင်မှာ ချိန်းထားမိတာမို့လို့ ဖြည်းညှင်းစွာပဲ ဝင်သွားမိတော့ ဂျိုရှူအာ ပြီးတော့ မိန်းကလေးတစ်ယောက် ဂျိုရှုအာ့မျက်နှာကတော့ ခပ်တည်တည်နဲ့ပင်

"အော် ဂျောင်ဟန် လာပြီလား လာလေ ငါတို့လည်း ခုမှရောက်တာ"

ကျွန်တော် ဘာမှပြန်မပြောဘဲ ဂျိုရှုအာ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်တော့ သူပြောလိုက်သည့် စကားသည် ကျွန်တော့်ရင်ကို ခွဲဖို့ ရည်ရွယ်ထားသည့်အလား

"ဂျောင်ဟန် ဒါ ငါ့ကောင်မလေး"

ဂျိုရှူအာ သည် သိပ်ကို ရက်စက်သည် ဘာကြောင့်လဲဆိုရင်တော့ သူ၏ တစ်လွဲမာန ကြောင့်ပင်

I Don't Understand But I Love You Where stories live. Discover now