နှင်းဆီတပွင့်ဖြစ်ချင်တယ်

29 2 0
                                    


"အမ ဘာလို့ နှင်းဆီပန်းဘဲပန်တာလဲ"

"သဘောကျလို့ နှင်းဆီပန်းကိုသဘောကျလို့"

"ဘာလို့လဲမသိ
အမနဲ့နှင်းဆီပန်းကသိပ်ကိုလိုက်ဖက်တယ်"

"တို့ သိတယ် မင်းက မနက်ဖြန် ပြန်တော့မှာပေါ့"

"ဟုတ် မေမေတို့ကပြန်ခေါ်နေပြီဆိုတော့ ပြန်ရတော့မယ်"

"ဒီရွာကိုထပ်လာဖို့ရော စိတ်ကူးရှိသေးလား"

"မေမေတို့အပေါ်ဘဲမူတည်မယ်ထင်တယ်
ငယ့်သဘောနဲ့ငယ်ဆိုရင်ပြန်တောင်မပြန်ချင်ဘူး"

"မျက်ဝန်းငယ်"

"ရှင် "

"မင်း တို့ကိုပြောစရာတခုခုများမရှိဘူးလား"

သိနေခဲ့တာလား အမရယ် ငယ် အမကိုသဘောကျနေမှန်းသိနေတာလားဟင်
ငယ် ပြောချင်တာဆိုလို့ အမကိုချစ်တယ် ဆိုတဲ့ စကားဘဲရှိ‌တယ်

"ဘာလို့လဲ အမ"

"တို့ လက်ထပ်ရတော့မယ် မျက်ဝန်းငယ်"

"ကိုမင်းထင် ဆိုတဲ့တစ်ယောက်နဲ့လား"

"အင်း တို့တွေ စေ့စပ်ထားပြီးပြီ"

ငယ်ကအစထဲကရှုံးနိမ့်ပြီးသားလူတစ်ယောက်ပါ အမရယ်
ချစ်တယ် ဆိုတဲ့စကားနဲ့အမကိုတွေဝေတာမျိုးမဖြစ်စေချင်ဘူး

"ကောင်းပါတယ် အမရယ်"

"တို့ ကိုသေချာကြည့်"

"မျက်ဝန်းငယ် တို့ကိုသေချာကြည့်စမ်း"

"ဟုတ်"

"မင်း တို့ကိုပြောချင်တာမရှိဘူးလားဟင်"

"ငယ် မနက်ဖြန် ပြန်ရမှာမို့ အိပ်တော့မယ်"

ခင် သူ့ဆီက ချစ်တယ် ဆိုတဲ့စကားလေးကိုသာတောင်းတခဲ့တာပါ သူ့ဘက်က ချစ်တယ် လို့သာပြောခဲ့ရင် ခင် အားလုံးကိုစွန့်လွှတ်မိတာသေချာတယ် ကလေးငယ်ရာ ဘာလို့ မင်းဘက်ကပြောဖို့တွန့်ဆုတ်နေရတာလဲဟင်
မင်းမျက်ဝန်းတွေမှာ မျက်ရည်လေးတွေစို့နေတာ တို့သိပါတယ် မင်းရင်ထဲကိုလဲတို့ မြင်ပါတယ် မင်းဘက်က ဝန်ခံမဲ့နေ့ကိုစောင့်နေခဲ့တာပါ ဒါမဲ့လဲ တို့တွေတကယ်ခွဲရပြီဘဲ...

နှင်းဆီတပွင့်ဖြစ်ချင်တယ်Where stories live. Discover now