ယုံးဘို့ရဲ့ Mbti က J အဖြစ်ပြောင်းလဲသွားပေမယ့်လဲ သူ့ဘဝမှာ အစီအစဥ်မဆွဲထားတဲ့ မပြင်ဆင်ရသေးတဲ့ အရာတွေ အများကြီး ဖြစ်ပျက်ခဲ့သလိုပဲ အဲ့နေ့မနက်က သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် ဟျွန်ဂျင်းကို မစောင့်ပဲ ကျောင်းကို စောစောပြေးခဲ့ရတယ် ။ ကိုယ်ဝန်လနုနုနဲ့ Sickness ပေါင်းများစွာ ခံစားနေရတဲ့ သူငယ်ချင်းက သူလက်စသတ်ဖို့လိုနေတဲ့ စာတမ်းကို အကူအညီတောင်းတယ် ။ ဒီစာတမ်းက Semester အတွက် အမှတ်တွေကို ယူမှာမို့လို့ အရေးကြီးတယ်လို့ ပြောလို့ရပါတယ် ။ ကလေးလေးအတွက် ရုန်းကန်ကြရအုန်းမှာဖြစ်တဲ့အတွက် စာမေးပွဲကိုလဲ မထိခိုက်စေချင်သလို နေလဲမကောင်းနေတဲ့ သူငယ်ချင်းကို စိတ်အေးစေဖို့ အားပေးလိုက်ပေမယ့် အခုတော့ စိတ်မအေးရတာ သူဖြစ်နေလေပြီ...
ဟျွန်ဂျင်းကတော့ ယုံးဘို့သူများကိစ္စေတွကို ကူညီရင်း အခုလို လုံးလည်လိုက်နေရင် " မင်းက သိပ် ညာခိုင်းလို့ ကောင်းတာပဲ " ဆိုပြီး မျက်မှောင်တွေကုတ်လို့ ပြောတတ်တယ် ။ နားဝင်ဆိုးပေမယ့် တကယ်လဲ အိပ်ရေးမဝလို့ မျက်မှန်အောက်က မျက်ရိုးတွေက ကိုက်ပြီး ခေါင်းတွေမူးနေပြီဖြစ်တယ် ။ ထိုနှုတ်ခမ်းဖျားက ထွက်လာတဲ့ စကားလုံးတွေဟာ နစ်ဝင်ချင်စရာ ကဗျာတစ်ပုဒ်လို နားထောင်လို့ သိပ်ကောင်းပေမယ့် ၊ တစ်ခါတစ်လေလဲ စိတ်ပူရိပ်တွေ သူ့အစား မခံချင်စိတ်တွေ စွတ်နေတတ်သလို ၊ တစ်ခါတစ်လေတော့လဲ ယုံးဘို့တို့နှစ်ယောက်ရဲ့ တွေးပုံတွေးနည်းတွေ ကွာခြားနေတာကို စိတ်ပျက်တဲ့ အရိပ်အယောင်တွေပါနေတတ်တယ်
" ဘာလုပ်လုပ် ငါ့စောက်ရေးမှမပါတာ "
Research လုပ်နေရင်း Notification အမြဲဖွင့်ထားတဲ့ အကောင့်က Story တင်ထားကြောင်း Vibrate mood ဝင်လာတယ် ။ ယုံးဘို့ရဲ့ " သွားနှင့်တယ် " ဆိုတဲ့ စာနဲ့ ရှင်းပြထားတဲ့ စာအရှည်ကြီးကို ဝင်ကြည့်ပြီး စာမပြန်ပဲ စက္ကန့်ပိုင်းအတွင်း ကြက်ပေါက်လေးတွေပါတဲ့ ဘူးလေးထဲ ထည့်ထားတဲ့ Sandwich အချို့ကို အမှိုက်ပုံးထဲ သွန်ထားပုံနဲ့ ရေးထားတဲ့ ထို Caption
စာလုံးရေ ဘယ်လောက်မှမပါတဲ့ ထို Caption က ကိုက်နေတဲ့ မျက်လုံးတွေကို ငွေ့ရည်သန်းစေခဲ့ပါတယ် ။ ချက်ချင်း ဖုန်းခေါ်လိုက်ပေမယ့် မကိုင်ပေ ။ ၃ ခေါက်မြောက်မှာတော့ ကိုစိတ်ကြီးဟာ ဖုန်းကိုပိတ်ချလိုက်ပြီဖြစ်တယ် ။ ဘာမှမစားရသေးတဲ့ အစာအိမ်က လေဟပ်သလိုဖြစ်လာတာ ရင်တွေပါ တလှပ်လှပ်ဖြစ်လာရတယ်
YOU ARE READING
Friend Zone Recipe : Page No.2015
Fanfiction" Midnight Lullaby Radio Channel ကို ပေးပို့ထားတဲ့ စိတ်၀င်စားစရာ ဇာတ်လမ်းတိုလေးတွေကို ဖတ်ပြပေးမှာပဲဖြစ်ပါတယ်... ပရိတ်သတ်များ နားသောတ ဆင်ပေးကြပါအုန်းခင်ဗျာ...။ ဒီစာမူလေးကို ပေးပို့လာတဲ့သူကတော့ လိပ်စာကို သေချာမရေးထားပဲ ပေးပို့သူအမည်မှာ " Brownie စားချ...