"MA HAR ZAY "Part13

337 23 2
                                    

Part13

"ကျွန်တော့်ခန္ဓာကိုယ်ထဲကိုပြန်ထည့်ပေးပါ သူဝေဒနာခံစားနေရတာ ကိုဒီတိုင်းကြည့်မနေနိုင်ဖူး"
အလင်းရောင်ပိတ်ကားပေါ်တွင်မီးတောက်လောင်၍အလူးအလဲခံစားနေရသောမဏိအရှင်။ ထိုအချင်းအရာအားကျေနပ်စွာကြည့်နေသောမိခင်ဖြစ်သူ။ သူမှဝင်မတားလျှင်ဒီပွဲသည်နှစ်ဦး နှစ်ဖက်လုံးနစ်နာမည်ဖြစ်ကြောင်းအဟာဇေသိ နေ၏။
"မဖြစ်နိုင်ဖူးသခင်လေး သခင်လေးခန္ဓာကခုချိန် ထိအားနည်းနေတုန်းခုခန္ဓာထဲပြန်ဝင်လိုက်ရင်မတ်တပ်တောင်ရပ်နိုင်မှာမဟုတ်ဖူး"

"ဒါဆိုကျွန်တော်ကဘာလုပ်ရမှာလဲလူတစ်ယောက်လုံးသေတော့်မှာကိုဒီတိုင်းထိုင်ကြည့်နေရမှာလား သူမှမရှိရင်ကျွန်တော်ဆိုတာရှိမှာမဟုတ်ဖူး"
စီးကျလာသောမျက်ရည်များနှင့်အတူမိမိရင်ဘက်အားထုရိုက်ကာပြောလိုက်သည်။
"သခင်လေးရယ်"
"သွားပါ ဒေဝီ"
ထိုအအချိန်တွင်ဦးခေါင်းအထက်၌ဆံထုံးကိုထုံးထားလျက်လည်ပင်း၌အစိမ်းရောင်သဘက်တစ်ထည်အားဆင်မြန်းထားသောအမျိုးသမီးကြီး သည်မဟာ‌ဇေအနီးသို့ရောက်လာ၏။
"မယ်မယ်ဘုရား"
အမျိုးသမီးကြီးသည်ဦးညွှတ်လိုက်ဟန်ပြင်လိုက် သော်လဲ။
"ရတယ် မမြဦး ဦးညွှတ်စရာမလိုဖူး"
အဆင်းအားဖြင့်လေးစားစရာကောင်းသောထိုအမျိုးသမီးကမဟာဇေ၏မျက်လုံးများအားကြည့်ကာပြုံးပြလာ၏။
"ခင်ဗျားက...."
"ဒီဘဝကမင်းမယ်တော်ပါမင်းနာမည်က "စောဓမ္မဒေဝီ" ဘုရားလေးဆူသိုက်ကမင်းကညီအစ်ကိုငါးဖော်မှာမင်းအပါအဝင်ဆိုခြောက်ယောက် မင်းတစ်ယောက်ပဲမိန်းခလေးမင်းကိုဒီနန်းတော်ပိုင်ရှင်ကမင်းကိုသဘောကြလို့တော်ကောက်ခဲ့တာ"
"ကျွန်တော့်ကိုခင်ဗျားကူညီနိုင်လား"
"ကူညီပေးဖို့ငါလာခဲ့တာဒေဝီ မင်းခင်ပွန်းကစိတ် သဘောထားနူးညံ့တယ်စကားပြောတာကအစခု ချိန်ထိကျွန်ုပ် ကျွန်ုပ်နဲ့သွားပါဒေဝီမင်းခင်ပွန်းကို ကယ်ခဲ့"
အမျိုးသမီးသမီးကထိုသို့ပြောကာမဟာဇေ၏ ခေါင်းအားလက်ဖြင့်ကိုင်လိုက်၏။
"မျက်စိမှိတ်ထားဒေဝီ ခနနေရင်ပြန်ဖွင့်ကြည့်"
"ဟုတ်ကဲ့"
မဟာဇေထိုအမျိုးသမီးပြောသည့်အတိုင်းလိုက် လုပ်လိုက်၏။
မျက်လုံးများအားဖွင့်လိုက်လျှင်သူ့အားကျောပေးကာရပ်နေသောအဖေနှင့်အမေ။ စေးကပ်ကပ်သွေးများနှင့်တစ်ကိုယ်လုံးအားရိုက်ချိုးခံ ထားရသည်ဝေဒနာ။ သွေးများအလိမ့်လိမ့်နှင့် ခေါင်းမှာကြေမွထားသလိုပင်။ အားယူပြီးထကာ မဟာဇေအရင်ဆုံးလုပ်လိုက်သည်မှာအစီအရင် များပြုလုပ်ထားသည်စားပွဲပေါ်ရှိပစ္စည်းများ။ ထို ပစ္စည်းများအားမဟာဇေရိုက်ခွဲလိုက်သည်။အုတ်ဂူပေါ်တွင်တင်ထားသောညှီနံ့တထောင်းထောင်းနှင့်သားစိမ်းငါးစိမ်းများအားလက်ဖြင့်ဝှေ့ယမ်းကာ ဖျက်စီးလိုက်၏။
"မလုပ်နဲ့...ဘယ်သူလဲငါ့ပစ္စည်းတွေ...ရပ်လိုက်စမ်း"
"မလုပ်နဲ့ဦးဘစိုင်း အဲတာကျွန်မသား"
ဦးထွန်းမြတ်ရော ဒေါ်စိုးမြတ်သွယ်ပါမဟာဇေအားထိတ်လန့်တကြီးကြည့်လိုက်၏။
"သား မဟာဇေ မေ့ဆီလာသား"
"မ လာ ဖူး "
စကားတစ်လုံးချင်းစီအားဒေါ်စိုးမြတ်သွယ်ကြားအောင်ဖိပြောလိုက်၏။ ထို့နောက်ယိုင်နဲ့နဲ့ခန္ဓာ ကိုယ်နှင့်ဘေးတွင်ကျနေသောဓားမြောင်အားကောက်ကာမဏိအရှင်၏ဘေးသို့သွားလိုက်၏။
အသက်ရှင်လို့ဝမ်းသာသော်လဲဓားတစ်ရမ်းရမ်းနဲ့လှုပ်ရှားနေသောသားဖြစ်သူ အားဒေါ်စိုးမြတ်သွယ်မြင်လျှင်သောကမီးတို့တရိပ်ရိပ်တက်လာပြန်၏။
ခပ်နွမ်းနွမ်းမျက်နှာအားမဟာဇေငုံ့ကြည့်လိုက် သည် သူ့မှာလူတစ်ယောက်ကိုအသေသတ်နိုင်သည့်တန်ခိုးစွမ်းအင်များရှိနေလျက်....ဘာလို့များ။
သတ္တဝါများအပေါ်တွင်မေတ္တာတရားကြီးမားလှ သည့်ထိုလူ။
"ကြင်ယာတော် ..."
"ခင်ဗျားမလှုပ်နဲ့ ခင်ဗျားစီကတစ်ခုခုတောင်းဆိုချင်လို့"
"ခုချိန်မှလား ဘာများလဲ"
"ဇေ လို့တစ်ခွန်းလောက်ခေါ်ပေး"
"ကြားချင်ခေါ်ပေးရမှာပေါ့ "ဇေ" "
"ကျေးဇူးပါ ခင်ဗျားကကျွန်တော်အတွက်အားဆေးပဲ"
မဟာဇေပြုံးကာပြောလိုက်လျှင်ထိုလူကမှိတ်ကျသွားသောမဟာဇေ၏မျက်ဝန်းများအားလိုက်လံ ကာကြည့်ရှူနေ၏။

"မဟာဇေ နင့်ကိုဒီနားလာခဲ့လို့ပြောနေတယ်လေ"
အမိန့်ဆန်ဆန်ထွက်လာသောမိခင်ဖြစ်သူ၏အသံ
"ဟွန်းးးးမလာဖူးအမေ သားကြောက်တယ်အမေ့ အတ္တတွေကိုသားကြောက်လွန်းလို့"
"ငါ့ကိုဗီလိန်ဇာတ်လာမသွင်းနဲ့မဟာဇေ နင်အ သက်ရှိနေသမျှကာလပတ်လုံးနင်ငါ့စကားကိုနာခံရမယ်"
"ဒါဆိုရင် ဒီလိုလုပ်လိုက်ရင်ရောနာခံစရာလိုသေး လား"
ချွန်ထက်နေသောဓားပါးပါးလေးအားမဟာဇေလည်ပင်းပေါ်သို့တင်လိုက်၏။

"MA HAR ZAY"BL Fiction Where stories live. Discover now