ငါ့နာမည်က Fourth Nattawat... ဘန်ကောက်ကျောင်းကိုမနေ့တစ်နေ့ကမှရောက်လာတဲ့ကျောင်းသားသစ်...
ကျောပိုးအိတ်အား ပုခုံးတစ်ဖက်တွင်လွယ်လျက် စတိုင်အပြည့်ဖြင့်သာ ပုံမပျက်ပန်းမပျက် ဘန်ကောက်ရဲ့ ထူးချွန်ကျောင်းသားတွေပြည့်နှက်နေတဲ့ကျောင်းတော်ကြီးထဲအား လျှောက်လှမ်းလာခဲ့သော်လည်း အနည်းငယ်မျှတော့ကြောက်စိတ်ဟာဝင်မိသည်...
ကိုယ့်ကိုယ်ကိုစာတော်မှန်းတော့သိပါရဲ့...သို့သော်ငြားလည်း အင်တာနက်ပေါ်မှာသာမြင်ဖွင့်ကြားခွင့်ရခဲ့တဲ့ အခုလိုထိပ်တန်းကျောင်းကြီးထဲကို ခြေလှမ်းချဖို့ စိတ်ကူးထဲတောင်ထည့်မတွေးဖူးခဲ့ပါချေ...
ဆရာမတွေရဲ့အကူအညီနဲ့ကိုယ်တွေ့ဝင်ရောက်လာနိုင်ခဲ့တဲ့ဒီနေရာကို နေသားကျအောင်လုပ်ရင်း အတော့်တကာအတော်ဆုံးထဲမှာမှ 1ဖြစ်နေအောင်ကြိုးစားရတော့မည်ထင်သည်..
"အာ့"
အတွေးများစွာဖြင့်ပျံ့လွင့်နေဆဲ စိတ်အစုံတို့ဟာ ရုတ်တရက်ဝင်တိုက်မိတဲ့လူတစ်စုကြောင့် အတွေးများဟာပျက်ပြယ်ကာ ကဗျာကယာပင် တောင်းပန်စကားဆိုရပြန်သည်...
"တောင်းပန်ပါတယ် ကျတော်တမင်တိုက်တာမဟုတ်ပါဘူး"
လက်အုပ်လေးချီရင်း တောင်းပန်စကားဆိုလျက် လေအဟုန်လိုလျှပ်တပြတ်ပြေးထွက်သွားခဲ့သည့် ကောင်လေးအား Gemini စိတ်တော့ဝင်စားမိ၏..
ပုခုံးစွန်းတစ်ဖက်နာကျင်သွားလို့ ရန်ရှာမယ်လုပ်ထားပေမဲ့ကပြာကယာလက်အုပ်လေးချီရင်း တောင်းပန်လာတဲ့သူကြောင့် ဒေါသစိတ်တွေဟာမလျှော့စဖူး လျှော့မိခဲ့သလို...
"Hey Gem မင်းကြည့်ရတာ ဘီလူးစီးရာကနေရုတ်တရက် ရင်ထဲပန်းပင်ကြီးပေါက်လာတဲ့အတိုင်းဘဲ နူးညံ့သွားလိုက်တာ"
"ဟာ တိတ်စမ်းပါ"
စနောက်နေသော Pond အားရင်ဘတ်ကိုတစ်ချက်ထုရင်း Legoဘက်သို့လှည့်ကာ..
"Legoသူကကျောင်းသားသစ်လား?"
"ထင်ရတာဘဲ အခုမှဝင်လာတာထင်တယ် ငါတော့မမြင်ဖူးပါ"
ပုခုံးလေးနှစ်ဖက်တွန့်ကာ ပုခုံးလျှော topလေးကို ပုံစံတကျပြင်ဆင်ရင်း လှပစွာလျှောက်ထွက်သွားတဲ့သူက တစ်ကျောင်းလုံးရဲ့ slay Queenလို့တင်စားခံရတဲ့ Legoပင်...