နွေရဲ့ဆိုင်ကယ်ဟာ ရွာလမ်းတစ်လျှောက်ကို ရောက်လာခဲ့သည်။ ရွာလမ်းထဲက လူများက နွေ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြသည်။ ခွေးတွေကလည်း လှည့်ကြည့်နေကြသောကြောင့် ဆိုင်ကယ်ကို ဖြေးဖြေးချင်းမောင်းရတော့သည်။ နွေ က လည်လည်ဝယ်ဝယ်ရှိမည်ထင်သော လူတစ်ယောက်ကို မေးမည်ပြုလိုက်သည်။
" ဦးလေး...ဒေါက်တာ ဆွေးဥဩ အိမ်ဘယ်မှာရှိလဲသိလား"
" မင်းက ဘယ်သူလဲ"
" ဒေါက်တာ နွေဆူးခက်အောင်"
" ဒေါက်တာတွေပဲလား...ဥဩလေးက အခုချိန်ဆို ရွာဘုန်းကြီးကျောင်းမှာ ကလေးတွေကို ဘိုစာသင်ပေးနေတယ်"
" ဘိုစာ ဟုတ်လား"
" ဟုတ်တယ် အင်းဂိတ်စာလေ...ဒေါက်တာလည်း ဘိုမဟုတ်ဘူးလား ကြည့်ရတာ ဘိုနဲ့တူတယ်"
လူကို ကြည့်တိုင်းအရင်မေးတာ နိုင်ငံခြားသားလားဆိုတော့ မွေးသမိခင်ပဲ ကျေးဇူးတင်ရမလားမသိ။ နိုင်ငံခြားသားတစ်ဝက် ဘာညာရှင်းနေလည်း နားလည်မည့်ဟန်မတူ။ သူတို့ပုံနှင့်သာ ရှင်းရန် စဉ်းစားလိုက်သည်။
" ဘိုတော့ဘိုပဲ...သွေးတစ်ဝက်ပဲပါတယ် အဖေကဗမာ အမေက ဘို"
" ဪ....ဘိုကပြားပဲ"
" ထားပါဗျာ...ဘုန်းကြီးကျောင်းက ဘယ်လိုသွားရလဲ"
" တန်းတန်းသွား...ထန်းပင်တွေ့ ဘယ်ကွေ့ တန်းတန်းပြန်သွား ရွာဦးစေတီတွေ့မယ် အဲ့ဘေးမှာ"
" ဟုတ်ကဲ့ ကျေးဇူးပါ"
" ရပါတယ် ဒေါက်တာဘိုကပြား"
" ဟ..."
ထိုလူက ရေပုံးကိုထမ်းကာ ထွက်သွားတော့သည်။
နွေလည်း ဘယ်နှယ့်လူလဲဟုတွေးကာ လမ်းကို ဆက်လာခဲ့တော့သည်။ တအောင့်နေတော့ ရွာဦးဘုန်းကြီးကျောင်းကို ရောက်လာခဲ့သည်။ ဘုန်းကြီးကျောင်းဝန်းအစပ်တွင် ဆိုင်ကယ်ကိုရပ်ထားပြီး လျှောက်လာတော့ ဗန်ဒါပင်ရိပ်တွင် ကျောက်သင်ပုန်းထောင်ကာ ဆွေးက ကလေးတွေကို စာသင်ပေးနေသည်။ နွေက ထိုပုံကို ဓာတ်ပုံယူကာ သိမ်းထားလိုက်တော့သည်။ထို့နောက် ဆွေးဆီကို သွားကာ surprise လုပ်ရန်ပြင်လိုက်သည်။
" ပူတူးလေး"
YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။