ဒီတစ်ခါတော့ အသင်္ချေယျကပ်ကြီးလေးခု ထဲက ကမ္ဘာပျက်ကပ်ဖြစ်တဲ့ သံဝဋ္ဋအသင်္ချေယျကပ် Saṃvartakalpa အကြောင်းကို ဖတ်ကြည့်ရအောင်၊ ကမ္ဘာကြီးဟာ အချိန်အတော်ကြာခဲ့တဲ့ တည်မြဲကပ် Vivartasthāyikalpa ကို ကျော်လွန်လာတဲ့အခါ စပြီးတော့ ပျက်ပါတယ်၊ ဘယ်လိုစပျက်သလဲဆိုရင် ငရဲကစပြီး မွေးဖွားနှုန်းတွေ ကျဆင်းလာတယ် လို့ ဆိုပါတယ်၊ ငရဲ ပြိတ္တာ၊ လူ၊ နတ် အစရှိသဖြင့် တဖြည်းဖြည်း ဘုံတွေမှာ population ကျဆင်းလာသလို မိုးခေါင်ရေရှားဖြစ်လာပြီး မိုးလုံးဝ မရွာတော့ပါဘူး၊ မိုးလုံးဝ မရွာတော့တဲ့အတွက် သီးပင်စားပင်တွေသာမက မြက်ပင်တွေပါ အကုန်လုံးသေဆုံးကုန်ပါတယ်၊
တေဇောသံဝဋ္ဋကပ် - မီးဘေး
အဲ့သည့်နောက်မှာတော့ ဒုတိယနေလုံးထွက်လာတယ် လို့ ဆိုပါတယ်၊ ဒုတိယနေလုံးထွက်လာတာနဲ့ ချောင်းငယ်၊ စမ်းချောင်းတွေအကုန်ခမ်းပါတယ်၊ တတိယနေလုံးထွက်လာတဲ့အခါ မြစ်တွေခမ်းပြီး စတုတ္ထနေလုံးထွက်လာတဲ့အခါ ကန်ကြီးတွေပါ ခမ်းကုန်ပါတယ်၊ ငါးလုံးမြောက်နေထွက်လာတဲ့အခါမှာတော့ ပင်လယ်သမုဒ္ဒရာတွေပါ ခမ်းပါတယ်၊ ခြောက်လုံးမြောက်နေထွက်လာတဲ့အခါမှာတော့ မြေပြင်ပါ မီးထလောင်ပါတယ်၊ ခုနှစ်လုံးမြောက် နေထွက်လာတဲ့အခါမှာတော့ အရာရာလောင်ကျွမ်းပါတော့တယ်၊
လောင်တဲ့မီးဟာ ပျင်းလွန်းလို့ ကမ္ဘာကို မီးလောင်ပြီးပါက မီးတောက်မီးလျှံတွေဟာ အထက်ကိုတက်ပြီး နတ်ဘုံတွေနဲ့တကွ ပထမဈာန် ဗြဟ္မာဘုံသုံးဘုံအထိ တက်လောင်တယ် လို့ ဆိုပါတယ်၊ ဆိုတော့ကာ အရင်တုန်းကလို concept နဲ့ ပြန်စဥ်းစားကြည့်တဲ့အခါ မိုးခေါင်ရေရှား Great Depression ဖြစ်ရာကနေ အနုမြူစစ်ပွဲကြီးဖြစ်လာတာမျိုးနဲ့ တူနေပါတယ်၊ ကျမ်းစာတွေဟာ ဟီရိုရှီးမား ဗုံးပေါက်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဥ်တွေနဲ့ အတော်ကလေး တူနေတာကို တွေ့ရမှာပါ၊
YOU ARE READING
ကပ်ကမ္ဘာများအကြောင်း
Fantasíaဒီတစ်ခါတော့ အချိန် Timeline တွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်၊ လက်ရှိ ကျွန်တော်တို့လူတွေဟာ အချိန်ကာလကို နှစ်နဲ့အခြေခံပြီး တိုင်းတာပါတယ်၊ တစ်နှစ် နှစ်နှစ် - များလာတဲ့အခါ ဆယ်စုနှစ်၊ ရာစုနှစ်၊ ထောင်စုနှစ် စသည့် ခေါ်ဝေါ်တိုင်းတာကြပြီး ဒီ့ထက်များတဲ့ကာလတ...