Part 2 (Z)

8 2 0
                                    


မနက်ခင်း ကျောင်းသွားဖို့ ထွက်လာသော်လည်း ဧည့်ခန်းထဲတွင် ထိုင်နေသည့် မာမီ ကိုတွေ့၍ အိမ်ရှေ့ထိ မထွက်သေးပဲ ဧည့်ခန်း ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။

ရှူတည်တည် နဲ့ ကြည့်နေသည့် မာမီက ကော်ဖီ တစ်ငုံသောက်ရင်း

" မနေ့က ကျောင်းသူသစ်ကို ရေနဲ့ လောင်းလိုက်တယ်ဆို "

တိမ်လွှာနန်းမြင့် ခွန်းတုံ့ပြန်စကားမဆို ။ ဒီအကြောင်းတွေကို ပြန်ပြောမယ့် သူက သက်နှင်းစံ ရဲ့အမေ Nine Private School ရဲ့ ကျောင်းအုပ် ဒေါ်သက်ထားစံ

ဒီအတိုင်းဆို သက်နှင်းစံ ရော ကလျာငြိမ်းပါ နားပူပြီးသွားလောက်ပြီ" Nann Myint Group ကို အမွေဆက်ခံရမယ့်သူက ကျောင်းတွင်းအကြမ်းဖက်ပါတယ် ဆိုပြီး ခေါင်းစည်း အကြီးကြီးနဲ့ ပါလာစေချင်လို့လား "" အဲ့လောက် စ,လိုက်လို့ ဘာမှ မဖြစ်ပါဘူး မာမီ သူငယ်ချင်းတွေပဲ "တိမ်လွှာနန်းမြင့် ပါးစပ်က သူငယ်ချင်းလို့ ပြောလိုက်ပေမယ့် ရင်ထဲမှာတော့ အမှုတ်ကြိတ်ပစ်ချင်နေပြီ။ ဒါကို မိခင်ဖြစ်သူ ဒေါ်မိုးထက်မြင့် ကသိသည်။ သူမွေးထားတဲ့သမီး မဟုတ်လား" သူငယ်ချင်းတွေဆိုရင်လဲ အဲ့လောက်လွန်ကဲအောင် မစ, နဲ့ပေါ့ နင့်ကြောင့် နောက်ထပ် ကျောင်းထွက်သွားတယ် ဆိုတဲ့ သတင်းမကြားချင်ဘူး နင်တို့ရှာလိုက်တဲ့ ပြဿနာတိုင်း လိုက်ရှင်းနေရတဲ့ ဦးငြိမ်းသွင်ကိုလဲ အားနာကြအုံး "" ဟုတ် ဒါပဲမလား သမီး ကျောင်းသွားတော့မယ် "ဦးငြိမ်းသွင် နိုင်ငံရဲ့အတော်ဆုံးရှေ့နေ့ ဖြစ်တဲ့ ကလျာငြိမ်းရဲ့ အဖေက အမြဲတမ်း လိုလို ရှင်းရသည်။ ပိုက်ဆံရှိတဲ့ မိသားစုတွေဖြစ်သည့် အလျောက် ငွေနဲ့သာ ဖြေရှင်းတတ်သည်။တိမ်လွှာနန်းမြင့် သက်နှင်းစံ ကလျာငြိမ်း တို့သုံးယောက်ကြောင့် ကျောင်းထွက်သွားကြပေမယ့် တခြားနယ်ပယ် တစ်ခုမှာ လျော်ကြေးငွေတွေနဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလေး လုပ်ကြသည်။ သူတို့ သုံးယောက်ကိုတော့ ပြဿနာ မရှာကြပေ။ ပြဿနာ မရှာနိုင်လောက်အောင် ငွေတွေနဲ့ ဖိထားသည်မို့။


" Sunset Cafe မှာ တွေ့ခဲ့တာဆိုတော့ မှတ်မိမှာပေါ့ "

IMPLICATEDWhere stories live. Discover now